// | DailyBriefNews ၂၀၂၆ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ခန့်ညားထည်ဝါစွာ ကျင်းပနိုင်ရေး ဒုတိယသမ္မတ ဦးညိုစော လမ်းညွှန်မှာကြား -

၂၀၂၆ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ခန့်ညားထည်ဝါစွာ ကျင်းပနိုင်ရေး ဒုတိယသမ္မတ ဦးညိုစော လမ်းညွှန်မှာကြား

နိုဝင်ဘာလ ၁၀ ရက် ၊ ၂၀၂၆

၂၀၂၆ ခုနှစ် ပြည်ထောင်စုအစိုးရ၏ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို နိုင်ငံတော်အဆင့်အခမ်းအနားနှင့်အညီ ခန့်ညားထည်ဝါစွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများအလိုက် ကြိုတင်ပြင်ဆင်မှုများကို စနစ်တကျဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

နေပြည်တော်ရှိ သာသနာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၁) စုပေါင်းအစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဦးညိုစောက ဆရာတော်ကြီးများအား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းဆက်ကပ်ရာတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် ဆွမ်းဟင်းလျာများဖြစ်စေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရန် သံဃာရာမကျောင်းဆောင် အဆောင် ၂ တွင် အနောက်တိုင်းဆေးခန်းနှင့် တိုင်းရင်းဆေးခန်းများ ဖွင့်လှစ်ပေးရေးတို့ကို သက်ဆိုင်ရာကော်မတီများက ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မွန်-ပဲခူးနယ်စပ်ရှိ အကြမ်းဖက် NUG အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် စခန်း ၁၁ ခုကို တပ်မတော်သိမ်းပိုက်၊ လက်နက် ၉၇ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ
Next post အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး