မွန်-ပဲခူးနယ်စပ်ရှိ အကြမ်းဖက် NUG အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် စခန်း ၁၁ ခုကို တပ်မတော်သိမ်းပိုက်၊ လက်နက် ၉၇ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ


နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၂၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် နယ်စပ်တစ်ဝိုက်တွင် အခြေပြုလှုပ်ရှားနေသည့် အကြမ်းဖက် NUG ၏ အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် KNU၊ KNLA ပူးပေါင်းအဖွဲများ၏ စခန်း ၁၁ ခုကို တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်မျိုးစုံ ၉၇ လက်နှင့် ခဲယမ်း၊ ဖောက်ခွဲရေးပစ္စည်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရပါသည်။


တပ်မတော်၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၅ ရက်တွင် သိမ်ဇရပ်မြို၏ အရှေ့မြောက်ဘက် ကော်ကတ်ကျေးရွာအနီးရှိ စခန်းတစ်ခု၊ နိုဝင်ဘာ ၆ ရက်တွင် ကော်ထီးထကျေးရွာအနီးရှိ စခန်းတစ်ခုနှင့် နိုဝင်ဘာ ၇ ရက်တွင် အဆိုပါကျေးရွာအနီးရှိ KNU၊ KNLA တပ်မဟာ (၁)၊ ရင်း (၃) ဌာနချုပ်အပါအဝင် စခန်း ၄ ခုတိုကို သိမ်းပိုက်နိုင်ခဲ့ပါသည်။


ထိုနောက် နိုဝင်ဘာ ၈ ရက်တွင် ရွှေကျင်မြိုနယ်အတွင်းရှိ ပွိင့် ၄၈၀ တောင်ကုန်းအနီး ထီးကလာချောင်းဝန်းကျင်၌ ထပ်မံတိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စခန်း ၅ ခုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။




