အမျိုးသမီးများ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေး NSPAW လုပ်ငန်းနယ်ပယ် ၁၂ ရပ် ထိရောက်စွာ အကောင်အထည်ဖော်ရန် ဒုတိယသမ္မတ တိုက်တွန်း

နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၆
အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေး၊ အခွင့်အလမ်းနှင့် လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေးအတွက် ရေးဆွဲထားသည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာ စီမံကိန်း (NSPAW) (၂၀၂၃-၂၀၃၂) ကို ထိရောက်စွာ အကောင်အထည်ဖော်ရန် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက တိုက်တွန်းပြောကြားခဲ့ပါတယ်။
NSPAW ဦးဆောင်ကော်မတီအစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်ရှိ Hotel Max ၌ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ ဒုတိယသမ္မတက အမျိုးသမီးများ တန်းတူအခွင့်အလမ်းရရှိရေး၊ ခွဲခြားဆက်ဆံမှုလျှော့ချရေး၊ ဘေးကင်း လုံခြုံရေးနှင့် ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရေးတိုကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။

ထို့ပြင် လုပ်ငန်းနယ်ပယ် ၁၂ ရပ်အလိုက် တာဝန်ရှိဌာနများနှင့် ပူးပေါင်းအဖွဲ့အစည်းများအကြား ညှိနှိင်းဆောင်ရွက်မှုအားကောင်းစေရေး၊ လူ့စွမ်းအား၊ နည်းပညာနှင့် ဘဏ္ဍာရေးအရင်းအမြစ်များကို ထိရောက်စွာ အသုံးချရေးတို့ကိုလည်း တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။
