// | DailyBriefNews ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ဒုတိယနေ့ကျင်းပပြီး လုံ/နယ်ဝန်ကြီး အစားထိုးခန့်အပ်မှုနှင့် ကော်မတီအသစ်များ ဖွဲ့စည်း -

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ဒုတိယနေ့ကျင်းပပြီး လုံ/နယ်ဝန်ကြီး အစားထိုးခန့်အပ်မှုနှင့် ကော်မတီအသစ်များ ဖွဲ့စည်း

နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၆

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) ဒုတိယနေ့ကို နိုဝင်ဘာ ၁၃ ရက်က ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ကျော်ကျော်ဦးအား အစားထိုးခန့်အပ်ကြောင်း တင်ပြ၍ ကတိသစ္စာပြုခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာကော်မတီအသစ်ကို အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းအတည်ပြုခဲ့ပြီး၊ ဥက္ကဋ္ဌအဖြစ် မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ပြည့်ဖြိုးနှင့် အတွင်းရေးမှူးအဖြစ် ဦးမင်းသိန်းထွန်းတို့ကို တာဝန်ပေးအပ်ခဲ့သည်။

ထို့အပြင် ၂၀၁၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ဆားနှင့်ဆားထွက်ပစ္စည်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းတို့နှင့်စပ်လျဉ်းသည့် ဥပဒေကြမ်းကော်မတီ၏ လေ့လာစိစစ်တွေ့ရှိချက် သဘောထားမှတ်ချက် အစီရင်ခံစာများကိုလည်း လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြင်သစ်နိုင်ငံ၊ မြို့တော်ပါရီရှိ De Beers လက်ဝတ်ရတနာဆိုင်ကို လက်နက်ကိုင်များ ဝင်ရောက်လုယက်ပြီး ဆိုင်ကယ်များဖြင့် ထွက်ပြေးသွား
Next post မြန်မာ့အရေးနှင့်ပတ်သက်၍ ထိတွေ့ဆက်ဆံမှုမှတစ်ပါး အခြားရွေးချယ်စရာမရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် အလေးပေးပြောကြား