မြန်မာ့အရေးနှင့်ပတ်သက်၍ ထိတွေ့ဆက်ဆံမှုမှတစ်ပါး အခြားရွေးချယ်စရာမရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် အလေးပေးပြောကြား

နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၆
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို ဖြေရှင်းရန်အတွက် မြန်မာအစိုးရနှင့် တက်ကြွစွာ ဆက်လက်ဆွေးနွေးမှုများပြုလုပ်ရန် လိုအပ်ကြောင်းနှင့် အာဆီယံ၏ ထိတွေ့ဆက်ဆံရေး ကြိုးပမ်းမှုများကို အပြည့်အဝထောက်ခံကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန (အရှေ့ပိုင်းရေးရာ) အတွင်းဝန် ရူဒြန်ဒရာ တန်ဒန်က နိုဝင်ဘာ ၁၂ ရက်တွင် ပြောကြားလိုက်သည်။
နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပမည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးတို့သို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ တက်ရောက်မည့်ခရီးစဉ်နှင့်ပတ်သက်၍ ပြုလုပ်သည့် အထူးသတင်းစာရှင်းလင်းပွဲတွင် ၎င်းက မြန်မာနိုင်ငံအား အထီးကျန်ဖြစ်စေရန် လုပ်ဆောင်ခြင်းသည် မှန်ကန်သောနည်းလမ်းမဟုတ်ကြောင်း ပယ်ချခဲ့ပြီး၊ စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးခြင်းနှင့် ထိတွေ့ဆက်ဆံမှုပြုလုပ်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
