// | DailyBriefNews ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ် နယ်စပ်ဒေသများတွင် ထိုင်းနိုင်ငံသားများကို ပစ်မှတ်ထားကာ အစိုးရဝန်ထမ်းအဖြစ် အယောင်ဆောင် လိမ်လည်နေသည့် Online Scam Center များကို ဖော်ထုတ်နှိမ်နင်း -

ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ် နယ်စပ်ဒေသများတွင် ထိုင်းနိုင်ငံသားများကို ပစ်မှတ်ထားကာ အစိုးရဝန်ထမ်းအဖြစ် အယောင်ဆောင် လိမ်လည်နေသည့် Online Scam Center များကို ဖော်ထုတ်နှိမ်နင်း

နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၆

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ထိရောက်ပြတ်သားစွာ ဖော်ထုတ်ဖမ်းဆီးအရေးယူလျက်ရှိရာ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ် နယ်စပ်ဒေသများအတွင်း တရားမဝင် ဝင်ရောက်ကာ ထိုင်းနိုင်ငံသားများအား ပစ်မှတ်ထား လိမ်လည်နေသည့် Online Scam Center များကို ထိရောက်ပြင်းထန်စွာ နှိမ်နင်းခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်မှစတင်၍ ယခုအချိန်အထိ တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသား စုစုပေါင်း ၉၄၇ ဦးကို ဖမ်းဆီးရမိခဲ့ပြီး၊ အထူးသဖြင့် အောက်တိုဘာ ၃၁ ရက်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဟိုတယ်တစ်ခုတွင် လျှပ်စစ်မီတာဝန်ဆောင်မှုကုမ္ပဏီ ဝန်ထမ်းများအဖြစ် ဟန်ဆောင်ကာ ထိုင်းနိုင်ငံသားချင်း အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်နေသည့် ထိုင်းနိုင်ငံသား ၈၃ ဦးကို ကွန်ပျူတာ၊ လက်ပ်တော့နှင့် ဖုန်းမျိုးစုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများကို ဥပဒေနှင့်အညီ အမြန်ဆုံး စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ့အရေးနှင့်ပတ်သက်၍ ထိတွေ့ဆက်ဆံမှုမှတစ်ပါး အခြားရွေးချယ်စရာမရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် အလေးပေးပြောကြား
Next post (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အောင်မြင်မှုရရှိရေး ပေါင်းစပ်ညှိနှိင်း