// | DailyBriefNews အမေရိကန်တွင် ၂၄ နာရီကြာ အရှင်လတ်လတ် မြေမြှုပ်ခံရပြီးနောက် ကယ်တင်နိုင်ခဲ့သည့် လသားကလေးငယ်၏ ဖခင်ဖြစ်သူအား လူသတ်ရန် ကြိုးပမ်းမှုဖြင့် တရားစွဲဆို -

အမေရိကန်တွင် ၂၄ နာရီကြာ အရှင်လတ်လတ် မြေမြှုပ်ခံရပြီးနောက် ကယ်တင်နိုင်ခဲ့သည့် လသားကလေးငယ်၏ ဖခင်ဖြစ်သူအား လူသတ်ရန် ကြိုးပမ်းမှုဖြင့် တရားစွဲဆို

နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၆

အမေရိကန်ပြည်ထောင်စု၊ တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ လက်ဆင်တန်ခရိုင်တွင် အသက် ၁၁ လအရွယ် ယောက်ျားလေးငယ်တစ်ဦးအား ခွေးလှောင်အိမ်အတွင်း ထည့်သွင်းကာ အရှင်လတ်လတ် မြေမြှုပ်ခဲ့သူ ဖခင်ဖြစ်သူ မိုက်ကယ် ကိုမာ (Michael Comer) ကို အာဏာပိုင်များက လူသတ်ရန် ကြိုးပမ်းမှုဖြင့် တရားစွဲဆိုလိုက်ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်သည် မြေအောက်တွင် ၂၄ နာရီခန့် ရှိနေခဲ့ပြီးနောက် ကယ်ဆယ်ရေးဝန်ထမ်းများ၏ ရှာဖွေတွေ့ရှိမှုကြောင့် အသက်ရှင်လျက် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး၊ ခွေးလှောင်အိမ်ကို မျက်နှာသုတ်ပဝါဖြင့် ပတ်ထားသဖြင့် လေခိုအိတ် (Air pocket) ဖြစ်ပေါ်ခဲ့ခြင်းက အသက်ရှင်ကျန်ရစ်စေရန် အထောက်အကူဖြစ်စေခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ကလေးငယ်မှာ လက်ရှိတွင် ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီး ကျန်းမာရေး အပြည့်အဝ ပြန်လည်သက်သာလာမည်ဟု မျှော်လင့်ရကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အာဆီယံတွင် မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍ ပြန်လည်ရရှိရေး မြန်မာ-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး
Next post KNU၊ KNPP နှင့် နေပြည်တော်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်လာစေရန် ထိုင်းနိုင်ငံက ကြားဝင်ကူညီပေးမည်