(၃၄) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အောင်မြင်မှုရရှိရေး ပေါင်းစပ်ညှိနှိင်း

နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၆
၂၀၂၇ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှ ၂၉ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပမည့် (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ အောင်မြင်မှုရရှိစေရေးအတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ ပေါင်းစပ်ညှိနှိင်းအစည်းအဝေးကို နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက အားကစားသည် နိုင်ငံ့ဂုဏ်သိက္ခာ၊ စည်းလုံးညီညွတ်မှုနှင့် ကြံ့ခိုင်မှုကို ဖော်ပြနိုင်သည့် အရေးပါသောကဏ္ဍဖြစ်သဖြင့် ဝန်ကြီးဌာနနှင့် အားကစားအဖွဲ့ချုပ်များ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ထို့နောက် အားကစားအဖွဲချုပ်များက စခန်းဝင်လေ့ကျင့်မှု၊ ပြိုင်ပွဲဝင်မည့် အားကစားနည်းနှင့် အားကစား သမားအင်အား၊ ဆုတံဆိပ်ရရှိနိုင်မှု၊ နည်းပြငှားရမ်းရေး၊ ပြည်ပပူးတွဲလေ့ကျင့်ရေးနှင့် အားကစား ပစ္စည်းလိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။
