// | DailyBriefNews ဘာစီလိုနာကို အနိုင်ယူခဲ့တဲ့ လက်ရှိချန်ပီယံပီအက်စ်ဂျီ -

ဘာစီလိုနာကို အနိုင်ယူခဲ့တဲ့ လက်ရှိချန်ပီယံပီအက်စ်ဂျီ

အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၆

ပီအက်စ်ဂျီ ၄-၂ ဘာစီလိုနာ (ပွဲပြီးရလဒ်)

ပြီးခဲ့တဲ့သီတင်းပတ်၊ အီတီဟတ်ကွင်းမှာ မန်စီးတီးကို အနိုင်ယူခဲ့တဲ့ လက်ရှိဥရောပချန်ပီယံပီအက်စ်ဂျီက အခုပါရီမြေအိမ်ကွင်းပွဲစဉ်မှာလည်း ပြိုင်ဘက်ကောင်းဘာစီလိုနာကို တူညီတဲ့ရလဒ်နဲ့ပဲ ထပ်မံအနိုင်ယူခဲ့ပါတယ်။

အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း အိမ်ရှင်တွေက ဒူအီရဲ့သွင်းဂိုးနဲ့ ပြိုင်ဘက်အပေါ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ နှစ်ဖက်အသင်းကစားသမားတွေရဲ့ အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ခဲ့ရပြီး ပီအက်စ်ဂျီအတွက် လူးကပ်စ်ဟာနန်ဒက်ဇ်၊ ဗီတင်ဟာနဲ့ ဖေဘီယန်ရုဇ်၊ ဘာစီလိုနာအတွက် အက်စ်ပတ်နဲ့ ယာမယ်လ်တို့က သွင်းဂိုးကိုယ်စီ ရယူခဲ့ကြပါတယ်။

ပွဲချိန်ပြည့်ရသစုံပေးစွမ်းနိုင်ခဲ့တဲ့ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ပီအက်စ်ဂျီက အခုရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့သလို ဘာစီလိုနာရဲ့ရာသီအစပြိုင်ပွဲစုံနိုင်ပွဲဆက်မှတ်တမ်းလည်း ကျိုးပျက်သွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကနေဒါနိုင်ငံ၏ အစိတ်အပိုင်းအဖြစ် အယ်လ်ဘာတာပြည်နယ် ဆက်လက်တည်ရှိရန် လူထုဆန္ဒခံယူပွဲက မဲပေးဆုံးဖြတ်
Next post အင်းတော်-ဝန်းသို-ကောလင်းနှင့် အင်းတော်-မအူကုန်း-ကျောက်တန်း လမ်းကြောင်းများပေါ်ရှိ အခြေပြုစခန်းများကို တပ်မတော်စစ်ကြောင်းများ ရှင်းလင်းတိုက်ခိုက်