အင်းတော်-ဝန်းသို-ကောလင်းနှင့် အင်းတော်-မအူကုန်း-ကျောက်တန်း လမ်းကြောင်းများပေါ်ရှိ အခြေပြုစခန်းများကို တပ်မတော်စစ်ကြောင်းများ ရှင်းလင်းတိုက်ခိုက်

အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၆
အင်းတော်-ဝန်းသို-ကောလင်း လမ်းကြောင်းနှင့် အင်းတော်-မအူကုန်း-ကျောက်တန်း လမ်းကြောင်းပေါ်တွင် အခြေပြုကာ ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်ခံ အနိုင်ကျင့်နေသော အကြမ်းဖက်အဖွဲ့များ၏ အခြေပြုစခန်းများကို တပ်မတော်စစ်ကြောင်းများက ရှင်းလင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြီး/ငယ် စုစုပေါင်း ၃၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၁၈ လောင်း၊ လက်နက်မျိုးစုံ ၁၉ လက်နှင့် ခဲယမ်းများကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရပါတယ်။


တပ်မတော်စစ်ကြောင်းများသည် ပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝများ ပြန်လည်ကောင်းမွန်စေရန်အတွက် အင်းတော်မြို့တွင် စနစ်တကျ စုဖွဲ့ကာ ဟန်ချက်ညီညီ နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၅ ရက်မှ ၁၈ ရက်အတွင်း လယ်နောင်၊ ကမ်းနီ၊ ပင့်သချေ၊ မဲဇာ၊ ကျောက်တောကျေးရွာအနီးရှိ စခန်း (၁) ခု၊ ညောင်ကိုင်း၊ နမ်းခမ်း၊ လယ်ပြင်နှင့် မအူကုန်းကျေးရွာများ အပါအဝင် ကျေးရွာများကို ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။ အကြမ်းဖက်အဖွဲ့များသည် အဆိုပါ ဒေသတစ်ဝိုက်တွင် ဆက်သွယ်ရေးမြောင်းများတူးကာ ဘန်ကာများပြုလုပ်၍ အခိုင်အမာ ခံစစ်ဆင်ခဲ့ကြခြင်းဖြစ်ပြီး တပ်မတော်အနေဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့် ပြန်လည်ထူထောင်ရေးနှင့် နယ်မြေလုံခြုံရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



