// | DailyBriefNews ကနေဒါနိုင်ငံ၏ အစိတ်အပိုင်းအဖြစ် အယ်လ်ဘာတာပြည်နယ် ဆက်လက်တည်ရှိရန် လူထုဆန္ဒခံယူပွဲက မဲပေးဆုံးဖြတ် -

ကနေဒါနိုင်ငံ၏ အစိတ်အပိုင်းအဖြစ် အယ်လ်ဘာတာပြည်နယ် ဆက်လက်တည်ရှိရန် လူထုဆန္ဒခံယူပွဲက မဲပေးဆုံးဖြတ်

အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၆

ကနေဒါနိုင်ငံမှ ခွဲထွက်၍ လွတ်လပ်ရေးရယူရန်အတွက် ဥပဒေရေးရာ လုပ်ငန်းစဉ်များ စတင်ဆောင်ရွက်မည့် အဆိုပြုချက်နှင့် ပတ်သက်၍ အယ်လ်ဘာတာပြည်နယ်အတွင်း အောက်တိုဘာလ ၁၉ ရက်က ကျင်းပခဲ့သည့် လူထုဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင် ဒေသခံပြည်သူများက အဆိုပါ အဆိုပြုချက်ကို ပြတ်ပြတ်သားသား ပယ်ချလိုက်ကြကြောင်း သိရသည်။

ဆန္ဒခံယူပွဲ ရှေ့ပြေးရလဒ်များအရ မဲဆန္ဒရှင် ၇၆ ရာခိုင်နှုန်းကျော်က ကနေဒါပြည်ထောင်စုအတွင်း ဆက်လက်တည်ရှိရန် ထောက်ခံမဲပေးခဲ့ကြပြီး ၂၃ ရာခိုင်နှုန်းကျော်ကသာ ခွဲထွက်ရေးကို ဆန္ဒပြုခဲ့ကြသည်။

ရေနံကြွယ်ဝသော အယ်လ်ဘာတာပြည်နယ်၏ စီးပွားရေး မကျေနပ်ချက်များကို အခြေခံထားသည့် ခွဲထွက်ရေး လှုပ်ရှားမှုကို မဲဆန္ဒရှင်များက ငြင်းပယ်လိုက်ခြင်းဖြစ်ပြီး၊ အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲ ရင်ဆိုင်နေရချိန်တွင် ပြည်ထောင်စု စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းနေသည့် ကနေဒါဝန်ကြီးချုပ် မာ့က် ကာနေး အတွက်မူ အဓိက အောင်ပွဲတစ်ခု ဖြစ်လာခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြင်သစ်နိုင်ငံတွင် ဆန္ဒပြမှုများမှ ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ပြီးနောက် ပါရီမြို့နှင့် အခြားမြို့ကြီးအချို့၌ ညမထွက်ရအမိန့်များ ထုတ်ပြန်
Next post ဘာစီလိုနာကို အနိုင်ယူခဲ့တဲ့ လက်ရှိချန်ပီယံပီအက်စ်ဂျီ