// | DailyBriefNews ရေဘေးသင့်ပြည်သူ ၂၈၃ ဦးအား စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်ကူညီ -

ရေဘေးသင့်ပြည်သူ ၂၈၃ ဦးအား စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်ကူညီ

နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၆

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန့်ပန်၊ ဝန်း၊ မြို့လယ်နှင့် မင်္ဂလာရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ရေဘေးသင့်အိမ်ထောင်စု ၈၄ စုမှ ဒေသခံပြည်သူ ၂၈၃ ဦးအား မြို့မရန်ကုန်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးလျက်ရှိသည်။

ယနေ့မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်ခဲ့သည်။

ထိုနောက် တိုင်းမှူးနှင့်အဖွဲ့သည် ရေကြီးရေလျှံမှုဖြစ်ပွားရာ နေရာများသို့ သွားရောက်ကြည့်ရှုကာ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်နေသည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိင်းဆောင်ရွက်ပေးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အောင်မြင်မှုရရှိရေး ပေါင်းစပ်ညှိနှိင်း
Next post မော်ရီစီယို ပိုချက်တီနို မန်ချက်စတာယူနိုက်တက်အသင်း၏ မန်နေဂျာသစ်အဖြစ် ခန့်အပ်ခံရ၊ အမေရိကန်လက်ရွေးစင်အသင်းမှ ထွက်ခွာရခြင်းမှာ ဘဝတွင် အခက်ခဲဆုံး ဆုံးဖြတ်ချက်ဖြစ်ဟု မျက်ရည်ကျလျက် ပြောကြား