// | DailyBriefNews “ဇွန်ဘီပလာဇာ” နှင့် "မတန်မရာ" ရုပ်ရှင်ဇာတ်ကားကြီးများ နှစ်ရက်အတွင်း ရုံဝင်ငွေစံချိန်ချိုးပြီး နှစ်ပတ်ဆက်တိုက် ရုံတင်ပြသခွင့်ရ -

“ဇွန်ဘီပလာဇာ” နှင့် “မတန်မရာ” ရုပ်ရှင်ဇာတ်ကားကြီးများ နှစ်ရက်အတွင်း ရုံဝင်ငွေစံချိန်ချိုးပြီး နှစ်ပတ်ဆက်တိုက် ရုံတင်ပြသခွင့်ရ

နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၆

ပရိသတ်များ၏ ရုံပြည့်ရုံလျှံ တခဲနက်အားပေးမှုကြောင့် မြန်မာနိုင်ငံ၏ ပထမဆုံး Zombie ရုပ်ရှင်ဖြစ်သည့် “ဇွန်ဘီပလာဇာ” နှင့် “မတန်မရာ” ရုပ်ရှင်ဇာတ်ကားကြီးတို့သည် ပြသသည့် နှစ်ရက်အတွင်း၌ပင် ရုံဝင်ငွေစံချိန်ချိုးကာ နှစ်ပတ်ဆက်တိုက် ရုံတင်ပြသခွင့် ရရှိသွားပြီဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင် တိုင်ရွန်၊ ထူးအောင်၊ ဖြိုးငွေစိုး၊ နေထွဋ်စသည့် အနုပညာရှင်များစွာ ပါဝင်ထားပြီး ဒါရိုက်တာ အောင်မြတ် ရိုက်ကူးထားသည့် “ဇွန်ဘီပလာဇာ” ဇာတ်ကားနှင့် နေတိုး၊ ဖွေးဖွေး၊ ဝင်းသပြေထွန်းတို့ ပါဝင်ကာ ဒါရိုက်တာ မင်းဆက်သစ် ရိုက်ကူးထားသည့် “မတန်မရာ” ဇာတ်ကားတို့သည် ရုံစတင်တင်ချင်း ပထမနှင့် ဒုတိယရက်များတွင် လက်မှတ်ဝယ်မရသည်အထိ Full House ဖြစ်ကာ အားပေးမှုများပြားခဲ့ကြောင်း သိရသည်။ ယင်းဇာတ်ကားကြီးများကို နိုဝင်ဘာ ၆ ရက်မှစတင်၍ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသနေခြင်းဖြစ်ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားယဉ်ကျေးမှုစင်တာနှင့် ကျောက်တန်းစက်မှုဇုန် ကြည့်ရှုစစ်ဆေး
Next post မွန်-ပဲခူးနယ်စပ်ရှိ အကြမ်းဖက် NUG အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် စခန်း ၁၁ ခုကို တပ်မတော်သိမ်းပိုက်၊ လက်နက် ၉၇ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ