// | DailyBriefNews မြန်မာနိုင်ငံသို့ လာရောက်မည့် မန်ယူဂန္ထဝင်ကစားသမားများအနက် ရွိုင်ယန်ဂစ်နှင့် ဘာဘာတော့ပ် ပါဝင်မှုရွှေ့ဆိုင်းလိုက်ပြီး ဗလင်စီယာနှင့် ဖေဘီယိုဒါဆေးဗားတို့ ပါဝင်လာ -

မြန်မာနိုင်ငံသို့ လာရောက်မည့် မန်ယူဂန္ထဝင်ကစားသမားများအနက် ရွိုင်ယန်ဂစ်နှင့် ဘာဘာတော့ပ် ပါဝင်မှုရွှေ့ဆိုင်းလိုက်ပြီး ဗလင်စီယာနှင့် ဖေဘီယိုဒါဆေးဗားတို့ ပါဝင်လာ

အောက်တိုဘာလ ၂၉ ရက်၊ ၂၀၂၆

မြန်မာနိုင်ငံသို့ အောက်တိုဘာ ၃၀ ရက်တွင် စတင်လာရောက်မည့် မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမားများအနက် ရွိုင်ယန်ဂစ်နှင့် ဘာဘာတော့ပ်တို့သည် အရေးပေါ် မီဒီယာတာဝန်များကြောင့် ပါဝင်မှုကို ရွှေ့ဆိုင်းလိုက်ရပြီး ၎င်းတို့၏နေရာတွင် အသင်းခေါင်းဆောင်ဟောင်း အန်တိုနီယို ဗလင်စီယာနှင့် ဘယ်နောက်ခံလူဟောင်း ဖေဘီယို ဒါဆေးဗားတို့ အစားထိုးပါဝင်လာမည်ဖြစ်ကြောင်း စီစဉ်သူများက ကြေညာခဲ့သည်။

မူလစီစဉ်ထားမှုအရ ရွိုင်ယန်ဂစ်၊ အီဗရာ၊ ဘာဘာတော့ပ်နှင့် အန်ဒါဆင်တို့ ပါဝင်ရန်ရှိသော်လည်း ယခုပြောင်းလဲမှုအရ အီဗရာ၊ ဗလင်စီယာ၊ အန်ဒါဆင်နှင့် ဖေဘီယို စုစုပေါင်း ဂန္ထဝင်ကစားသမား ၄ ဦး ပါဝင်မည်ဖြစ်သည်။ အဆိုပါ ပရိသတ်တွေ့ဆုံပွဲများကို ရန်ကုန်မြို့ရှိ Melia ဟိုတယ် Grand Ballroom နှင့် Yangon Convention Centre (YCC) တို့တွင် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ့ရိုးရာအငွေ့အသက်များကို ပြန်လည်ခံစားနိုင်ရန် “မြန်မာ့ရိုးရာပွဲဈေး” ကို လာမည့် နိုဝင်ဘာလအတွင်း ရန်ကုန်မြို့ရှိ YCC တွင် ဝင်ကြေးအခမဲ့ဖြင့် ကျင်းပမည်
Next post အမေရိကန်နိုင်ငံသားများကို လိမ်လည်နေသည့် ဒေလီအခြေစိုက် Call Center တစ်ခုကို အိန္ဒိယရဲတပ်ဖွဲ့ ဖြိုခွင်းနိုင်ခဲ့