// | DailyBriefNews မြန်မာ့ရိုးရာအငွေ့အသက်များကို ပြန်လည်ခံစားနိုင်ရန် “မြန်မာ့ရိုးရာပွဲဈေး” ကို လာမည့် နိုဝင်ဘာလအတွင်း ရန်ကုန်မြို့ရှိ YCC တွင် ဝင်ကြေးအခမဲ့ဖြင့် ကျင်းပမည် -

မြန်မာ့ရိုးရာအငွေ့အသက်များကို ပြန်လည်ခံစားနိုင်ရန် “မြန်မာ့ရိုးရာပွဲဈေး” ကို လာမည့် နိုဝင်ဘာလအတွင်း ရန်ကုန်မြို့ရှိ YCC တွင် ဝင်ကြေးအခမဲ့ဖြင့် ကျင်းပမည်

photo_2026-10-28_14-43-24

အောက်တိုဘာလ ၂၉ ရက်၊ ၂၀၂၆

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Myanmar Cultural Heritage Trust – MCHT) က ဦးစီးကျင်းပမည့် “မြန်မာ့ရိုးရာပွဲဈေး” ကို လာမည့် နိုဝင်ဘာလ ၆ ရက်မှ ၈ ရက်အထိ နံနက် ၁၀ နာရီမှ ည ၈ နာရီအထိ ရန်ကုန်မြို့ရှိ Yangon Convention Center (YCC) Inya Lake တွင် နာမည်ကြီး အနုပညာရှင်များပါဝင်လျက် ဝင်ကြေးအခမဲ့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါပွဲတော်တွင် ဆိုင်ခန်းပေါင်း ၁၅၅ ခန်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြန်မာ့ရိုးရာအစားအစာများ၊ ရိုးရာအဝတ်အထည်များ၊ တိုင်းရင်းသားရိုးရာ လက်မှုပစ္စည်းများနှင့် အသုံးအဆောင်များကို တစ်နေရာတည်း၌ ဝယ်ယူအားပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် နိုဝင်ဘာ ၆ ရက်တွင် စမ်းရေမိုးဇာတ်ပွဲ၊ နိုဝင်ဘာ ၇ ရက်တွင် Project K အဖွဲ့တို့၏ ဖျော်ဖြေတင်ဆက်မှုများအပြင် ယဉ်ကျေးမှုဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲများ၊ ရိုးရာစားသောက်ကုန်များ လက်တွေ့ပြုလုပ်ပြသခြင်းနှင့် တိုင်းရင်းသားရိုးရာ အကအလှများဖြင့် စည်ကားစွာ ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အမေရိကန် ကာကွယ်ရေးဝန်ကြီးက အမေရိကန်-အာဆီယံ ကာကွယ်ရေးမူဘောင် ထူထောင်ရန် ဖိလစ်ပိုင်ထိပ်သီးအစည်းအဝေး၌ အဆိုပြု
Next post မြန်မာနိုင်ငံသို့ လာရောက်မည့် မန်ယူဂန္ထဝင်ကစားသမားများအနက် ရွိုင်ယန်ဂစ်နှင့် ဘာဘာတော့ပ် ပါဝင်မှုရွှေ့ဆိုင်းလိုက်ပြီး ဗလင်စီယာနှင့် ဖေဘီယိုဒါဆေးဗားတို့ ပါဝင်လာ