(၁၀၆)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၉)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ ကျင်းပ၊ နိုင်ငံတော်သမ္မတနှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုက ငွေကျပ်သိန်း ၁၀၀ လှူဒါန်း

အောက်တိုဘာလ ၁၅ ရက်၊ ၂၀၂၆
(၁၀၆)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နဲ့ (၄၉)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့ ကျောက်တံတားမြို့နယ်ရှိ ဝဇီရာ ဂုဏ်ပြုခံ ကဇာတ်ရုံတို့မှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။
နံနက်ပိုင်းမှာ (၁၀၆)နှစ်မြောက် မြန်မာ့ရုပ်ရှင်အခမ်းအနားကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ကျင်းပခဲ့ပြီး မွန်းလွဲပိုင်းမှာ (၄၉)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ဝဇီရာဂုဏ်ပြုခံ ကဇာတ်ရုံ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတနှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုက အလှူငွေကျပ် သိန်း ၁၀၀ ကို လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
အဆိုပါလှူဒါန်းငွေအား ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းက လက်ခံရယူခဲ့ကြောင်း သိရပါတယ်။
