// | DailyBriefNews အာဆီယံအတွင်း မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများ ပြန်လည်ရရှိရေး ညှိနှိုင်းဆွေးနွေး -

အာဆီယံအတွင်း မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများ ပြန်လည်ရရှိရေး ညှိနှိုင်းဆွေးနွေး

အောက်တိုဘာလ ၁၅ ရက်၊ ၂၀၂၆

အာဆီယံအတွင်း မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများ ပြန်လည်ထိန်းသိမ်းနိုင်ရေးအတွက် မြန်မာနိုင်ငံက ဦးဆောင်သည့် ကိုယ်ပိုင်နည်းလမ်းဖြင့် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အာဆီယံရေးရာကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ပုံမှန် ထိတွေ့ဆက်ဆံနေသည့် လမ်းကြောင်းအပြင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်နိုင်ရန် ကော်မတီတစ်ရပ်ဖွဲ့စည်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးက အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ယခင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်က ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်းနှင့် ယင်းသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်မှု မရှိစေရေးကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၀၆)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၉)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ ကျင်းပ၊ နိုင်ငံတော်သမ္မတနှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုက ငွေကျပ်သိန်း ၁၀၀ လှူဒါန်း
Next post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ သန်လျင်ရေနံချက်စက်ရုံ (အပိုင်း-၁) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်