// | DailyBriefNews ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ သန်လျင်ရေနံချက်စက်ရုံ (အပိုင်း-၁) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ် -

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ သန်လျင်ရေနံချက်စက်ရုံ (အပိုင်း-၁) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

အောက်တိုဘာလ ၁၅ ရက်၊ ၂၀၂၆

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ သန်လျင်ရေနံချက်စက်ရုံ (အပိုင်း-၁) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ တက်ရောက်ချီးမြှင့်၍ ဖွင့်လှစ်ပေးခဲ့ပြီး ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

ဖွင့်ပွဲတွင် နိုင်ငံတော်သမ္မတက “နိုင်ငံတော်အတွက် စွမ်းအင်ဖူလုံမှုမှသည် စွမ်းအင်အမှီအခိုကင်းရေးအထိ” ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် စွမ်းအင်ဖူလုံရေး၊ စွမ်းအင်လုံခြုံရေးနှင့် ရေရှည်တည်တံ့သည့် စွမ်းအင်ဖွံ့ဖြိုးရေးတို့ကို အခြေခံ၍ လုပ်ငန်းစဉ်တစ်ခုချင်းစီကို စနစ်တကျ၊ အစီအစဉ်တကျဖြင့် ခိုင်မာစွာ ဆက်လက်အကောင်အထည်ဖော်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အာဆီယံအတွင်း မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများ ပြန်လည်ရရှိရေး ညှိနှိုင်းဆွေးနွေး
Next post နိုင်ငံတော်သမ္မတ ကုန်စည်ပို့ဆောင်ရေး မြှင့်တင်နိုင်ရန် ဆိပ်ကမ်းနှင့် ရထားလမ်းများ အဆင့်မြှင့်တင်ရေး လမ်းညွှန်မှာကြား