// | DailyBriefNews ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားယဉ်ကျေးမှုစင်တာနှင့် ကျောက်တန်းစက်မှုဇုန် ကြည့်ရှုစစ်ဆေး -

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားယဉ်ကျေးမှုစင်တာနှင့် ကျောက်တန်းစက်မှုဇုန် ကြည့်ရှုစစ်ဆေး

နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၆

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားယဉ်ကျေးမှုစင်တာနှင့် ကျောက်တန်းစက်မှုဇုန်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရီးစဉ်အတွင်း ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်လမြိုင်မြို့နယ်ရှိ တိုင်းရင်းသားယဉ်ကျေးမှုစင်တာသို့ ရောက်ရှိကာ တာဝန်ရှိသူများ၏ လုပ်ငန်းရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့ပြင် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရေး၊ မျိုးဆက်သစ်လူငယ်များက ရိုးရာယဉ်ကျေးမှုများကို လေ့လာသိရှိပြီး တန်ဖိုးထားထိန်းသိမ်းနိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၁၀ လုံး ဖြိုချဖျက်ဆီးပြီးစီး၊ ကျန်အဆောက်အအုံ ၅၃ လုံးအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်နေ
Next post “ဇွန်ဘီပလာဇာ” နှင့် “မတန်မရာ” ရုပ်ရှင်ဇာတ်ကားကြီးများ နှစ်ရက်အတွင်း ရုံဝင်ငွေစံချိန်ချိုးပြီး နှစ်ပတ်ဆက်တိုက် ရုံတင်ပြသခွင့်ရ