ဥရောပနိုင်ငံ ၇ နိုင်ငံတို့မှာ ထုတ်လွှင့်ပြသခွင့်ရရှိခဲ့တဲ့ အိမ်မက်ငိုတော ဇာတ်လမ်းတွဲကို MRTV 4 ရုပ်သံလိုင်းမှာ ပြန်လည်ထုတ်လွှင့်ပြသ

အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၆
Taurus V Production မှ စီစဉ်ရိုက်ကူးပြီး CANAL+ Myanmar ၏ ဖန်တီးမှုတစ်ခုဖြစ်သည့် ထိတ်လန့်ခြောက်ခြားဖွယ် သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်လမ်းတွဲ “အိပ်မက်ငိုတော” ကို MRTV 4 ရုပ်သံလိုင်းတွင် အောက်တိုဘာ ၂၈ ရက်မှစတင်ကာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ည ၇ နာရီတိုင်း ပြန်လည်ထုတ်လွှင့်ပြသနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါဇာတ်လမ်းတွဲသည် ဗီယက်နမ်နိုင်ငံရုပ်သံလိုင်း K+ နှင့် M7 Group ၏ ဥရောပနိုင်ငံများဖြစ်သော နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ချက်သမ္မတနိုင်ငံ၊ ဆလိုဗက်ကီးယား၊ သြစတြီးယား၊ ဟန်ဂေရီနှင့် ရိုမေးနီးယားတို့တွင်ပါ ပြသခွင့်ရရှိထားခြင်း ဖြစ်သည်။ ဒါရိုက်တာ ကောင်းဇံ ရိုက်ကူးပုံဖော်ထားပြီး အောင်မင်းခန့်၊ သျှင်းမြတ်၊ ရှိန်းတင်ထူး၊ အကယ်ဒမီ ရတနာဗိုလ်၊ နော်ဖောအယ်ထား အပါအဝင် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြကြောင်း သိရသည်။
More Stories
Britto’s ၏ Brand Ambassador အဖြစ် အဆိုတော် ရဲရင့်အောင်နှင့် အမရာဘုန်းတို့ ခန့်အပ်
အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၆ Britto's ၏ MALT Whisky မီဒီယာမိတ်ဆက်ပွဲနှင့် Brand Ambassador ခန့်အပ်ပွဲကို အောက်တိုဘာ ၂၈ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ တော်ဝင်လမ်းရှိ The...
မြန်မာနိုင်ငံသို့ လာရောက်မည့် မန်ယူဂန္ထဝင်ကစားသမားများအနက် ရွိုင်ယန်ဂစ်နှင့် ဘာဘာတော့ပ် ပါဝင်မှုရွှေ့ဆိုင်းလိုက်ပြီး ဗလင်စီယာနှင့် ဖေဘီယိုဒါဆေးဗားတို့ ပါဝင်လာ
အောက်တိုဘာလ ၂၉ ရက်၊ ၂၀၂၆ မြန်မာနိုင်ငံသို့ အောက်တိုဘာ ၃၀ ရက်တွင် စတင်လာရောက်မည့် မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမားများအနက် ရွိုင်ယန်ဂစ်နှင့် ဘာဘာတော့ပ်တို့သည် အရေးပေါ် မီဒီယာတာဝန်များကြောင့် ပါဝင်မှုကို ရွှေ့ဆိုင်းလိုက်ရပြီး ၎င်းတို့၏နေရာတွင် အသင်းခေါင်းဆောင်ဟောင်း အန်တိုနီယို...
မြန်မာ့ရိုးရာအငွေ့အသက်များကို ပြန်လည်ခံစားနိုင်ရန် “မြန်မာ့ရိုးရာပွဲဈေး” ကို လာမည့် နိုဝင်ဘာလအတွင်း ရန်ကုန်မြို့ရှိ YCC တွင် ဝင်ကြေးအခမဲ့ဖြင့် ကျင်းပမည်
အောက်တိုဘာလ ၂၉ ရက်၊ ၂၀၂၆ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Myanmar Cultural Heritage Trust - MCHT) က ဦးစီးကျင်းပမည့် “မြန်မာ့ရိုးရာပွဲဈေး” ကို လာမည့် နိုဝင်ဘာလ ၆...
ဖြစ်ရပ်မှန်ကို အခြေခံထားသည့် ဟဲဗီးဒရာမာဇာတ်လမ်းပုံစံ “လွှာလှပ်လွင့်ဝါ” ရုပ်ရှင်ဇာတ်ကားကြီး၏ Family Show ပွဲအခမ်းအနား ကျင်းပ
အောက်တိုဘာလ ၁၉ ရက်၊ ၂၀၂၆ ဖြစ်ရပ်မှန်ကို အခြေခံထားသည့် ဟဲဗီးဒရာမာဇာတ်လမ်းပုံစံ “လွှာလှပ်လွင့်ဝါ” ရုပ်ရှင်ဇာတ်ကားကြီး၏ Family Show ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၈ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ ဝဇီရာကဇာတ်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။...
(၁၀၆)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၉)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ ကျင်းပ၊ နိုင်ငံတော်သမ္မတနှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုက ငွေကျပ်သိန်း ၁၀၀ လှူဒါန်း
အောက်တိုဘာလ ၁၅ ရက်၊ ၂၀၂၆ (၁၀၆)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နဲ့ (၄၉)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့ ကျောက်တံတားမြို့နယ်ရှိ ဝဇီရာ ဂုဏ်ပြုခံ ကဇာတ်ရုံတို့မှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။ နံနက်ပိုင်းမှာ...
အဆိုတော် နီနီခင်ဇော်၏ “Rise Of the Phoenix” ဖျော်ဖြေပွဲတွင် တေးသီချင်း အပုဒ် ၄၀ ကျော်ဖြင့် သီဆိုဖျော်ဖြေမည်
အောက်တိုဘာလ ၁၄ ရက်၊ ၂၀၂၆ အဆိုတော် နီနီခင်ဇော်၏ တစ်ကိုယ်တော် တေးဂီတဖျော်ဖြေပွဲဖြစ်သည့် "Rise Of the Phoenix 2026" ကို လာမည့် နိုဝင်ဘာ ၇ ရက် ည ၇...
