// | DailyBriefNews ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ လက်ဆင့်ကမ်းထိန်းသိမ်းပြီး ပြည်ထောင်စုစည်းလုံးညီညွတ်ရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း -

ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ လက်ဆင့်ကမ်းထိန်းသိမ်းပြီး ပြည်ထောင်စုစည်းလုံးညီညွတ်ရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၆

(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1) ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ဆုရရှိကြသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတက နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖော်ဆောင်ရာတွင် မျိုးဆက်သစ်လူငယ်များအနေဖြင့် မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်နှင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုအပေါ် မြတ်နိုးလေးစား တန်ဖိုးထားမှုများ ရှင်သန်ခိုင်မာနေရန် လိုအပ်ကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ရေး လူငယ်များနှင့် အနုပညာရှင်များ ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း
Next post ဥရောပနိုင်ငံ ၇ နိုင်ငံတို့မှာ ထုတ်လွှင့်ပြသခွင့်ရရှိခဲ့တဲ့ အိမ်မက်ငိုတော ဇာတ်လမ်းတွဲကို MRTV 4 ရုပ်သံလိုင်းမှာ ပြန်လည်ထုတ်လွှင့်ပြသ