// | DailyBriefNews နိုင်ငံ့သမိုင်းတွင် မှတ်တမ်းကောင်းတစ်ရပ် ကျန်ရစ်စေမည့် အစိုးရဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ မှာကြား -

နိုင်ငံ့သမိုင်းတွင် မှတ်တမ်းကောင်းတစ်ရပ် ကျန်ရစ်စေမည့် အစိုးရဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ မှာကြား

အောက်တိုဘာလ ၂၉ ရက်၊ ၂၀၂၆

ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သမ္မတ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ကြောင်း သိရပါတယ်။

အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ပိုမိုဖော်ဆောင်ပေးနိုင်သည့် အစိုးရများသည် ပြည်သူများ၏ ထောက်ခံမှုကို ရရှိကြပြီး သမိုင်းတွင် နာမည်ကောင်းဖြင့် မှတ်တမ်းကျန်ရစ်ခဲ့ကြောင်း သမ္မတက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ထို့ကြောင့် အစိုးရအဖွဲ့ဝင်များအနေဖြင့် နိုင်ငံတကာနှင့် ပြည်တွင်းဖြစ်စဉ်များမှ သင်ခန်းစာများရယူကာ တိုင်းပြည်သာယာဝပြောရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်၍ အစဉ်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post AA၊ PDF နှင့် PLF အဖွဲ့ဝင် ၂၈ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်၊ ကျပ် ၅၈၄ သိန်း ချီးမြှင့်
Next post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ရုရှားနိုင်ငံအခြေစိုက် Areal Group of Companies ၏ အကြီးအကဲ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ သတ္တုတူးဖော်ရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး