// | DailyBriefNews ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာအပေါ် ပါဝင်ပတ်သက်ခြင်းမရှိကြောင်းနှင့် ကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာ -

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာအပေါ် ပါဝင်ပတ်သက်ခြင်းမရှိကြောင်းနှင့် ကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာ

အောက်တိုဘာလ ၂၈ ရက်၊ ၂၀၂၆

ကုလသမဂ္ဂ အထွေထွေညီလာခံ၏ (၈၁) ကြိမ်မြောက် အစည်းအဝေးကာလ တတိယကော်မတီ အစည်းအဝေးသို့ တင်သွင်းမည့် အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ (A/81/302) သည် တစ်ဖက်သတ် စွပ်စွဲချက်များနှင့် မှန်ကန်မှုမရှိသည့် အချက်အလက်များကို ဖော်ပြထားခြင်းကြောင့် ယင်းအစီရင်ခံစာအပေါ် ပါဝင်ပတ်သက်ခြင်းမရှိကြောင်းနှင့် ကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါ အစီရင်ခံစာ (A/81/302) သည် ၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက်မှ ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ကာလအတွက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းချက်များကို လျစ်လျူရှုကာ ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် ပြင်ပမီဒီယာများ၏ အာဘော်များကိုသာ အဓိက ကိုးကားဖော်ပြထားသည်ဟု ဝန်ကြီးဌာနက ဆိုထားပါတယ်။

ထို့ပြင် အစိုးရအနေဖြင့် လူသားချင်းစာနာမှု အကူအညီများကို ခွဲခြားမှုမရှိဘဲ အချိန်မီပေးအပ်နေမှု၊ ကုလသမဂ္ဂ အေဂျင်စီ ၁၇ ခုမှ ဝန်ထမ်းများဖြင့် နိုင်ငံတစ်ဝန်း လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုထားမှု၊ အဆင့်မြင့်အရာရှိကြီးများ၏ ခရီးစဉ် ၄၆ ခုနှင့် သံတမန်များ၏ ခရီးစဉ် ၂,၃၀၀ ကျော်တို့ကို အဆင်ပြေစွာ ခွင့်ပြုပေးခဲ့မှုများကို ဖော်ပြခဲ့ပါတယ်။

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍လည်း နိုင်ငံတကာမှ တရားမဝင် ဝင်ရောက်လာကြသူများအနက် နိုင်ငံပေါင်း ၅၉ နိုင်ငံမှ နိုင်ငံသား ၇၃,၀၈၅ ဦးကို အောက်တိုဘာ ၄ ရက်အထိ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဇူလိုင် ၃၁ ရက်တွင်လည်း အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို လွှတ်တော်မှ အတည်ပြုခဲ့ပြီးဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။ မိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) မှာလည်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်သာဖြစ်ပြီး ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို ချိုးဖောက်ရန် ရည်ရွယ်ခြင်း မရှိကြောင်း ရှင်းလင်းထားပါတယ်။

ဘင်္ဂါလီများ နေရပ်ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ် ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှုမတိုင်မီ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၇၄၀,၀၀၀ ကျော် နေထိုင်ခဲ့ပြီးနောက် ၅၄၀,၀၀၀ သာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့ကြောင်း၊ စက်တင်ဘာ ၃၀ ရက်အထိ ဘင်္ဂလားဒေ့ရှ်မှ ပေးပို့လာသော ၈၂၈,၈၂၄ ဦးအနက် ၄၄၉,၁၉၃ ဦးကို စိစစ်ပြီးစီးခဲ့ရာ ရခိုင်ပြည်နယ်တွင် ယခင်ကနေထိုင်ခဲ့သူ ၃၂၆,၃၇ ဦး၊ အကြမ်းဖက်လုပ်ရပ်တွင် ပါဝင်သူ ၄,၂၅၄ ဦးနှင့် စိစစ်အတည်မပြုနိုင်သူ ၁၁၈,၅၆၃ ဦး ရှိကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင် ၂၀၂၅ ခုနှစ်မှစ၍ နိုင်ငံတစ်ဝန်းရှိ ဘင်္ဂါလီ ၁၃,၀၀၀ ဦးကို (ရခိုင်ပြည်နယ်မှ ၆,၂၀၀ ဦးအပါအဝင်) ၁၉၈၂ နိုင်ငံသားစိစစ်ရေးဥပဒေအရ နိုင်ငံသားအဆင့်အတန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် ဥပဒေနှင့် သမိုင်းမှတ်တမ်းများတွင် မရှိဖူးသော “ရိုဟင်ဂျာ” အသုံးအနှုန်းကို အသိအမှတ်မပြုကြောင်း အလေးအနက် ဖော်ပြထားပါတယ်။

သက်ဆိုင်ရာနိုင်ငံ၏ သဘောတူညီချက်မပါဘဲ အစီရင်ခံစာမူကြမ်းကို အတည်ပြုပြဌာန်းခြင်းသည် အချုပ်အခြာအာဏာ တန်းတူညီမျှမှု မူဝါဒကို ပျက်ကွက်စေပြီး စံနှုန်းနှစ်မျိုး (Double standard) ကျင့်သုံးခြင်းဖြစ်ရာ မြန်မာအစိုးရအနေဖြင့် အဆိုပါ အစီရင်ခံစာတစ်ခုလုံးနှင့် ဖော်ပြချက်များအပေါ် ပါဝင်ပတ်သက်ခြင်းမရှိကြောင်းနှင့် ကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ကြေညာခဲ့ကြောင် သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား သွားရောက်ကြည့်ရှုအားပေး
Next post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပနေမှုများကို တက်ရောက်ကြည့်ရှုအားပေး