// | DailyBriefNews ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ပြည်ထောင်စုလွှတ်တော်နာယက တွေ့ဆုံ၊ စက်မှုနှင့် နည်းပညာဇုန်များ လေ့လာ -

ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ပြည်ထောင်စုလွှတ်တော်နာယက တွေ့ဆုံ၊ စက်မှုနှင့် နည်းပညာဇုန်များ လေ့လာ

အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၆

ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုအား ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် အောက်တိုဘာ ၂၃ ရက်တွင် မင့်စ်မြို့ရှိ သမ္မတနန်းတော်၌ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်များ ဖော်ဆောင်ရေး၊ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံအနေဖြင့် EAEU၊ SCO နှင့် BRICS တို့တွင် ပါဝင်နိုင်ရေးအတွက် ဘယ်လာရုစ်နိုင်ငံ၏ ကူညီထောက်ခံမှု ရရှိရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့သည် Great Stone China-Belarus Industrial Park သို့ သွားရောက်လေ့လာခဲ့ပြီး ဘယ်လာရုစ်အထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စစ် နာတာလျာ ကိုချန်နိုဗာ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ့ပညာရေးအဆင့်အတန်း မြင့်မားလာစေရေး နှစ် ၃၀ အမျိုးသားပညာရေးစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်နေ
Next post နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) နှင့် NSPNC တို့ ငြိမ်းချမ်းရေး ဆွေးနွေး