// | DailyBriefNews နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) နှင့် NSPNC တို့ ငြိမ်းချမ်းရေး ဆွေးနွေး -

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) နှင့် NSPNC တို့ ငြိမ်းချမ်းရေး ဆွေးနွေး

အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၆

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) (AM) အဖွဲ့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့၏ တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီဝင်များ၊ NSCN-K (AM) ဥက္ကဋ္ဌ ဦးအန်းမိုင်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါ တွေ့ဆုံမှုတွင် နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံရေးလိုလားချက်များကို တွေ့ဆုံညှိနှိုင်း ဖြေရှင်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ပြည်ထောင်စုလွှတ်တော်နာယက တွေ့ဆုံ၊ စက်မှုနှင့် နည်းပညာဇုန်များ လေ့လာ
Next post Gender၊ CEDAW၊ NSPAW၊ AGMSF၊ WPS အသိပညာပေးသင်တန်း ဖွင့်လှစ်