နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ရုရှားနိုင်ငံအခြေစိုက် Areal Group of Companies ၏ အကြီးအကဲ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ သတ္တုတူးဖော်ရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

အောက်တိုဘာလ ၂၉ ရက်၊ ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ရုရှားနိုင်ငံအခြေစိုက် Areal Group of Companies ၏ အကြီးအကဲဖြစ်သူ မစ္စတာ ဗလာဒီစလပ် စဗစ်ဘလော့ဗ် (Mr. Vladislav V. Sviblov) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်သမ္မတရုံးတော် ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
တွေ့ဆုံစဉ် Areal Group of Companies ၏ အကြီးအကဲက မြန်မာနိုင်ငံ၌ လက်ရှိဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန်၊ ရှိပြီးဖြစ်သည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန်နှင့် ရုရှားနိုင်ငံ၏ နည်းပညာအသစ်များကို မြန်မာနိုင်ငံတွင် အသုံးချနိုင်ရေးနှင့် နည်းပညာအခြေပြုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားနိုင်ရေးတို့ကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရပါတယ်။
