“ဇွန်ဘီပလာဇာ” နှင့် “မတန်မရာ” ရုပ်ရှင်ဇာတ်ကားကြီးများ နှစ်ရက်အတွင်း ရုံဝင်ငွေစံချိန်ချိုးပြီး နှစ်ပတ်ဆက်တိုက် ရုံတင်ပြသခွင့်ရ

နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၆
ပရိသတ်များ၏ ရုံပြည့်ရုံလျှံ တခဲနက်အားပေးမှုကြောင့် မြန်မာနိုင်ငံ၏ ပထမဆုံး Zombie ရုပ်ရှင်ဖြစ်သည့် “ဇွန်ဘီပလာဇာ” နှင့် “မတန်မရာ” ရုပ်ရှင်ဇာတ်ကားကြီးတို့သည် ပြသသည့် နှစ်ရက်အတွင်း၌ပင် ရုံဝင်ငွေစံချိန်ချိုးကာ နှစ်ပတ်ဆက်တိုက် ရုံတင်ပြသခွင့် ရရှိသွားပြီဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင် တိုင်ရွန်၊ ထူးအောင်၊ ဖြိုးငွေစိုး၊ နေထွဋ်စသည့် အနုပညာရှင်များစွာ ပါဝင်ထားပြီး ဒါရိုက်တာ အောင်မြတ် ရိုက်ကူးထားသည့် “ဇွန်ဘီပလာဇာ” ဇာတ်ကားနှင့် နေတိုး၊ ဖွေးဖွေး၊ ဝင်းသပြေထွန်းတို့ ပါဝင်ကာ ဒါရိုက်တာ မင်းဆက်သစ် ရိုက်ကူးထားသည့် “မတန်မရာ” ဇာတ်ကားတို့သည် ရုံစတင်တင်ချင်း ပထမနှင့် ဒုတိယရက်များတွင် လက်မှတ်ဝယ်မရသည်အထိ Full House ဖြစ်ကာ အားပေးမှုများပြားခဲ့ကြောင်း သိရသည်။ ယင်းဇာတ်ကားကြီးများကို နိုဝင်ဘာ ၆ ရက်မှစတင်၍ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသနေခြင်းဖြစ်ကြောင်း သိရှိရသည်။
More Stories
တေးသံရှင် ပြည့်ဟိန်းသူ၏ “အဖေများသို့” Mini Album ကို နိုဝင်ဘာ ၁၃ ရက်တွင် ပရိသတ်ထံ အရောက်ပို့ဆောင်မည်
နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂ူ၆ ဂန္ထဝင်တေးသံရှင်ကြီး တွံတေးသိန်းတန်၏ မြေးဖြစ်သူ တေးသံရှင် ပြည့်ဟိန်းသူသည် ဖခင်ဖြစ်သူ ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖန်တီးထားသည့် "အဖေများသို့" ဟု အမည်ပေးထားသော ပထမဆုံး Mini...
Britto’s ၏ Brand Ambassador အဖြစ် အဆိုတော် ရဲရင့်အောင်နှင့် အမရာဘုန်းတို့ ခန့်အပ်
အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၆ Britto's ၏ MALT Whisky မီဒီယာမိတ်ဆက်ပွဲနှင့် Brand Ambassador ခန့်အပ်ပွဲကို အောက်တိုဘာ ၂၈ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ တော်ဝင်လမ်းရှိ The...
ဥရောပနိုင်ငံ ၇ နိုင်ငံတို့မှာ ထုတ်လွှင့်ပြသခွင့်ရရှိခဲ့တဲ့ အိမ်မက်ငိုတော ဇာတ်လမ်းတွဲကို MRTV 4 ရုပ်သံလိုင်းမှာ ပြန်လည်ထုတ်လွှင့်ပြသ
အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၆ Taurus V Production မှ စီစဉ်ရိုက်ကူးပြီး CANAL+ Myanmar ၏ ဖန်တီးမှုတစ်ခုဖြစ်သည့် ထိတ်လန့်ခြောက်ခြားဖွယ် သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်လမ်းတွဲ “အိပ်မက်ငိုတော” ကို MRTV 4...
မြန်မာနိုင်ငံသို့ လာရောက်မည့် မန်ယူဂန္ထဝင်ကစားသမားများအနက် ရွိုင်ယန်ဂစ်နှင့် ဘာဘာတော့ပ် ပါဝင်မှုရွှေ့ဆိုင်းလိုက်ပြီး ဗလင်စီယာနှင့် ဖေဘီယိုဒါဆေးဗားတို့ ပါဝင်လာ
အောက်တိုဘာလ ၂၉ ရက်၊ ၂၀၂၆ မြန်မာနိုင်ငံသို့ အောက်တိုဘာ ၃၀ ရက်တွင် စတင်လာရောက်မည့် မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမားများအနက် ရွိုင်ယန်ဂစ်နှင့် ဘာဘာတော့ပ်တို့သည် အရေးပေါ် မီဒီယာတာဝန်များကြောင့် ပါဝင်မှုကို ရွှေ့ဆိုင်းလိုက်ရပြီး ၎င်းတို့၏နေရာတွင် အသင်းခေါင်းဆောင်ဟောင်း အန်တိုနီယို...
မြန်မာ့ရိုးရာအငွေ့အသက်များကို ပြန်လည်ခံစားနိုင်ရန် “မြန်မာ့ရိုးရာပွဲဈေး” ကို လာမည့် နိုဝင်ဘာလအတွင်း ရန်ကုန်မြို့ရှိ YCC တွင် ဝင်ကြေးအခမဲ့ဖြင့် ကျင်းပမည်
အောက်တိုဘာလ ၂၉ ရက်၊ ၂၀၂၆ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Myanmar Cultural Heritage Trust - MCHT) က ဦးစီးကျင်းပမည့် “မြန်မာ့ရိုးရာပွဲဈေး” ကို လာမည့် နိုဝင်ဘာလ ၆...
ဖြစ်ရပ်မှန်ကို အခြေခံထားသည့် ဟဲဗီးဒရာမာဇာတ်လမ်းပုံစံ “လွှာလှပ်လွင့်ဝါ” ရုပ်ရှင်ဇာတ်ကားကြီး၏ Family Show ပွဲအခမ်းအနား ကျင်းပ
အောက်တိုဘာလ ၁၉ ရက်၊ ၂၀၂၆ ဖြစ်ရပ်မှန်ကို အခြေခံထားသည့် ဟဲဗီးဒရာမာဇာတ်လမ်းပုံစံ “လွှာလှပ်လွင့်ဝါ” ရုပ်ရှင်ဇာတ်ကားကြီး၏ Family Show ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၈ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ ဝဇီရာကဇာတ်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။...
