// | DailyBriefNews ဘားအံစက်မှုဇုန်၌ ဒေသထွက်ရာဘာကုန်ကြမ်းများကိုအသုံးပြု၍ တစ်နှစ်လျှင် ရာဘာဖိနပ် ဒါဇင် ၁၅၀,၀၀၀ ထုတ်လုပ်နိုင်သည့် Thai Fashion စက်ရုံဖွင့်လှစ် -

ဘားအံစက်မှုဇုန်၌ ဒေသထွက်ရာဘာကုန်ကြမ်းများကိုအသုံးပြု၍ တစ်နှစ်လျှင် ရာဘာဖိနပ် ဒါဇင် ၁၅၀,၀၀၀ ထုတ်လုပ်နိုင်သည့် Thai Fashion စက်ရုံဖွင့်လှစ်

နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၂၆

ကရင်ပြည်နယ်အတွင်း ထွက်ရှိသည့် ရာဘာကုန်ကြမ်းများကို ဝယ်ယူပြီး အခြားဓာတုကုန်ကြမ်းများနှင့် ရောစပ်ကာ တစ်နှစ်လျှင် အရည်အသွေးမြင့် ရာဘာဖိနပ် တစ်သိန်းငါးသောင်းဒါဇင် ထုတ်လုပ်နိုင်သည့် Thai Fashion ရာဘာဖိနပ်ထုတ်လုပ်ရေးစက်ရုံကို နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက ဘားအံ-လှိုင်းဘွဲ့ ကားလမ်းမကြီးဘေး၊ ဘားအံစက်မှုဇုန် (ဇုန်အမှတ်-၁) ရှိ စက်ရုံတည်နေရာ၌ ကျင်းပဖွင့်လှစ်ခဲ့ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ်သန်း ၁,၅၀၀ ဖြင့် တည်ဆောက်ခဲ့သည့် အဆိုပါစက်ရုံဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အတွင်း ရာဘာစိုက်ဧက ၂၇၀,၀၀၀ ကျော်ရှိသဖြင့် ကုန်ကြမ်းထွက်ရှိမှုနှင့်နှိုင်းယှဉ်ပါက တန်ဖိုးမြှင့်ကုန်ချောထုတ်လုပ်မှု နည်းပါးနေသေးကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် နောင်တွင် စက်ဘီးတာယာနှင့် ဆိုင်ကယ်တာယာများအထိ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့ပြီး၊ စက်ရုံအတွင်းရှိ ဖိနပ်ထုတ်လုပ်ရေး တပ်ဆင်ထားသည့် စက်ပစ္စည်းများနှင့် ကုန်ချောထုတ်လုပ်ရေး အပိုင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဂျာမနီသံရုံး ယာယီတာဝန်ခံအား နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူသတိပေး
Next post လစာနှင့် ဝန်ထမ်းခန့်ထားရေး အငြင်းပွားမှုများကြောင့် Seoul Metro အလုပ်သမားသမဂ္ဂက နိုဝင်ဘာ ၂၅ ရက်တွင် သပိတ်မှောက်မည်ဟု ခြိမ်းခြောက်