// | DailyBriefNews ဂျာမနီသံရုံး ယာယီတာဝန်ခံအား နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူသတိပေး -

ဂျာမနီသံရုံး ယာယီတာဝန်ခံအား နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူသတိပေး

နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၂၆

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ရန်ကုန်မြို့ရှိ ဂျာမနီသံရုံး ယာယီတာဝန်ခံ မစ္စတာ မာသီးရက်စ် လေရှာ့စ် (Mr. Mathias Licharz) အား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ခေါ်ယူတွေ့ဆုံ၍ သံရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ ၈ ရက်က ထုတ်ပြန်ခဲ့သည့် ဗီဒီယိုနှင့်ပတ်သက်၍ တရားဝင်ကန့်ကွက်သတိပေးကာ သတိထောက်လွှာ (Aide-memoire) ပေးအပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အဆိုပါဗီဒီယိုပါ ပြောကြားချက်များနှင့် လုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်သည့်အပြင် နိုင်ငံတော်အကြီးအကဲနှင့် ပြည်သူများကို မထီမဲ့မြင်ပြုရာရောက်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ၁၉၆၁ ခုနှစ် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို တိကျစွာ လေးစားလိုက်နာရန်၊ အလားတူလုပ်ရပ်မျိုး ထပ်မံမပြုလုပ်ရန် သတိပေးခဲ့ပြီး ယင်းကဲ့သို့ ဆောင်ရွက်မှုသည် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခြင်း ဟုတ်၊ မဟုတ် တရားဝင်ရှင်းလင်းချက်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ တက်ရောက်၍ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး
Next post ဘားအံစက်မှုဇုန်၌ ဒေသထွက်ရာဘာကုန်ကြမ်းများကိုအသုံးပြု၍ တစ်နှစ်လျှင် ရာဘာဖိနပ် ဒါဇင် ၁၅၀,၀၀၀ ထုတ်လုပ်နိုင်သည့် Thai Fashion စက်ရုံဖွင့်လှစ်