// | DailyBriefNews တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာနှင့် စစ်ဘက်အရာရှိကြီးများ၏ ဇနီးများ လာအိုနိုင်ငံရှိ လက်မှုပညာပြခန်းများသို့ သွားရောက်လေ့လာ -

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာနှင့် စစ်ဘက်အရာရှိကြီးများ၏ ဇနီးများ လာအိုနိုင်ငံရှိ လက်မှုပညာပြခန်းများသို့ သွားရောက်လေ့လာ

နိုဝင်ဘာလ ၄ ရက်၊ ၂၀၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ ဇနီး ဒေါ်နီလာနှင့် စစ်ဘက်အရာရှိကြီးများ၏ ဇနီးများသည် နိုဝင်ဘာ ၃ ရက်က လာအိုပြည်သူ့တပ်မတော် အကြီးအကဲများ၏ ဇနီးများနှင့်အတူ လာအိုနိုင်ငံရှိ လက်မှုပညာပြခန်းများကို သွားရောက်လေ့လာရေးခရီးစဉ် ပြုလုပ်ခဲ့ကြကြောင်း လာအိုပြည်သူ့တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရသည်။

ခရီးစဉ်အတွင်း ၎င်းတို့သည် လာအိုရိုးရာအထည်အလိပ်များ၊ ဝတ်စုံများနှင့် လက်မှုပစ္စည်းများကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး၊ ယင်းကဲ့သို့ လေ့လာခြင်းသည် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေးနှင့် အပြန်အလှန်နားလည်မှု ပိုမိုတိုးမြှင့်ရေးအတွက် အထောက်အကူပြုစေခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အမေရိကန်၊ ဖလော်ရီဒါတွင် လူနေရပ်ကွက်အတွင်းသို့ ပုဂ္ဂလိကဂျက်လေယာဉ်တစ်စင်း တစ်မိနစ် ပေ ၃၀,၀၀၀ နှုန်းဖြင့် ဒုံးပျံတစ်စင်းလို ပျက်ကျပြီး ပေါက်ကွဲမီးလောင်၊ လိုက်ပါလာသူ ၉ ဦးစလုံး သေဆုံး
Next post တောင်ကိုရီးယားက လာမည့်နှစ်တွင် AI နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းကဏ္ဍအတွက် ဘတ်ဂျက်သုံးစွဲမှု စံချိန်တင်အဖြစ် နှစ်ဆတိုးမြှင့်မည်