// | DailyBriefNews အမေရိကန်၊ ဖလော်ရီဒါတွင် လူနေရပ်ကွက်အတွင်းသို့ ပုဂ္ဂလိကဂျက်လေယာဉ်တစ်စင်း တစ်မိနစ် ပေ ၃၀,၀၀၀ နှုန်းဖြင့် ဒုံးပျံတစ်စင်းလို ပျက်ကျပြီး ပေါက်ကွဲမီးလောင်၊ လိုက်ပါလာသူ ၉ ဦးစလုံး သေဆုံး -

အမေရိကန်၊ ဖလော်ရီဒါတွင် လူနေရပ်ကွက်အတွင်းသို့ ပုဂ္ဂလိကဂျက်လေယာဉ်တစ်စင်း တစ်မိနစ် ပေ ၃၀,၀၀၀ နှုန်းဖြင့် ဒုံးပျံတစ်စင်းလို ပျက်ကျပြီး ပေါက်ကွဲမီးလောင်၊ လိုက်ပါလာသူ ၉ ဦးစလုံး သေဆုံး

နိုဝင်ဘာလ ၂ ရက်၊ ၂၀၂၆

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ပမ်းလ်ဘီးချ်ခရိုင်ရှိ မိုဘိုင်းဟုမ်း လူနေရပ်ကွက်အတွင်းသို့ တနင်္ဂနွေနေ့က ပုဂ္ဂလိကဂျက်လေယာဉ်တစ်စင်း ဒုံးပျံတစ်စင်းကဲ့သို့ မတ်မတ်ထိုးစိုက်ကျရောက် ပေါက်ကွဲမီးလောင်ခဲ့ရာ လေယာဉ်ပေါ်ပါရှိသူ ၉ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

တယ်တပ်စ်ပြည်နယ်၊ အော်စတင်မြို့မှ ထွက်ခွာလာပြီး ဘဟာမားနိုင်ငံသို့ ဦးတည်ပျံသန်းနေသည့် အဆိုပါလေယာဉ်သည် ပျက်ကျခါနီးတွင် လေထုအပြင်းအထန်လှုပ်ခါမှုနှင့် ရေခဲရိုက်မှုများ ကြုံတွေ့ခဲ့ရကြောင်း လေယာဉ်မှူးက အရေးပေါ် အကြောင်းကြားခဲ့ပြီးနောက် တစ်မိနစ်လျှင် ပေ ၃၀,၀၀၀ နှုန်းအထိ အလွန်အမင်း အရှိန်ပြင်းစွာဖြင့် အောက်သို့ ထိုးဆင်းသွားခဲ့ခြင်း ဖြစ်ပါတယ်။

ပျက်ကျမှုကြောင့် လမ်းမကြီးပေါ်တွင် ကျင်းကြီးတစ်ခု ဖြစ်ပေါ်ခဲ့ကာ အနီးနားရှိ နေအိမ် ၂၀ ခန့်နှင့် ဒေသခံများ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သဖြင့် လူပေါင်း ၆၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး ဖက်ဒရယ် လေကြောင်းကွပ်ကဲရေးအဖွဲ့ (FAA) နှင့် အမျိုးသား ပို့ဆောင်ရေး လုံခြုံရေးဘုတ်အဖွဲ့ (NTSB) တို့က ပူးပေါင်းစုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အယ်လ်နီညိုအမြင့်ဆုံးအခြေအနေကြောင့် လာမည့်ဆောင်းရာသီနှင့် နွေရာသီတွင် အပူချိန်မြင့်တက်ပြီး ရေရှားပါးမှု ဖြစ်ပေါ်နိုင်
Next post တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာနှင့် စစ်ဘက်အရာရှိကြီးများ၏ ဇနီးများ လာအိုနိုင်ငံရှိ လက်မှုပညာပြခန်းများသို့ သွားရောက်လေ့လာ