// | DailyBriefNews တောင်ကိုရီးယားက လာမည့်နှစ်တွင် AI နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းကဏ္ဍအတွက် ဘတ်ဂျက်သုံးစွဲမှု စံချိန်တင်အဖြစ် နှစ်ဆတိုးမြှင့်မည် -

တောင်ကိုရီးယားက လာမည့်နှစ်တွင် AI နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းကဏ္ဍအတွက် ဘတ်ဂျက်သုံးစွဲမှု စံချိန်တင်အဖြစ် နှစ်ဆတိုးမြှင့်မည်

နိုဝင်ဘာလ ၄ ရက်၊ ၂၀၂၆

တောင်ကိုရီးယားနိုင်ငံအနေဖြင့် လာမည့် ၂၀၂၇ ခုနှစ်တွင် AI (ဉာဏ်ရည်တု) နှင့် ဆီမီးကွန်ဒတ်တာ (တစ်ပိုင်းလျှပ်ကူးပစ္စည်း) ကဏ္ဍများ၌ အသုံးပြုမည့် အသုံးစရိတ်ကို စံချိန်တင်အဖြစ် နှစ်ဆနီးပါး တိုးမြှင့်သွားမည်ဖြစ်ပြီး၊ အဆိုပါ နည်းပညာများကို အသုံးပြုကာ စစ်တပ်ကို ခေတ်မီဆန်းသစ်ပြီး ထိပ်တန်းအဆင့်မီ တပ်မတော်အဖြစ် ပြောင်းလဲသွားမည်ဟု သမ္မတ လီဂျေးမြောင်က ကတိပြုပြောကြားခဲ့ကြောင်း သိရသည်။

သမ္မတ လီဂျေးမြောင်က လွှတ်တော်သို့ တင်သွင်းခဲ့သည့် နှစ်စဉ်ဘတ်ဂျက်မိန့်ခွန်းတွင် ဒေတာစင်တာများမှသည် စက်ရုပ်နည်းပညာအထိ ပါဝင်သော ချစ်ပ်ပြားထုတ်လုပ်ရေးနှင့် AI ကဏ္ဍအတွက် ဝမ် ၂၁ ဒသမ ၃ ထရီလီယံ (ဒေါ်လာ ၁၆ ဘီလီယံ) လျာထားကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ကာကွယ်ရေးဘတ်ဂျက်ကိုလည်း ၈ ရာခိုင်နှုန်းခန့် တိုးမြှင့်ကာ ဝမ် ၇၃ ဒသမ ၃ ထရီလီယံအထိ သတ်မှတ်ထားပြီး၊ AI၊ စက်ရုပ်များနှင့် ဒရုန်းများကို အခြေခံသည့် လူနှင့် လူမဲ့စနစ် ပေါင်းစပ်ထိန်းချုပ်မှုများဖြင့် တပ်မတော်ကို အဆင့်မြှင့်တင်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။ ခြုံငုံကြည့်လျှင် ၂၀၂၇ ဘတ်ဂျက်စီမံကိန်း စုစုပေါင်းမှာ ဝမ် ၈၂၁ ထရီလီယံရှိပြီး သမိုင်းတစ်လျှောက် စံချိန်တင် အကြီးမားဆုံး ဘတ်ဂျက်အဆိုပြုချက် ဖြစ်လာခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာနှင့် စစ်ဘက်အရာရှိကြီးများ၏ ဇနီးများ လာအိုနိုင်ငံရှိ လက်မှုပညာပြခန်းများသို့ သွားရောက်လေ့လာ
Next post မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ထားသည့် ထိုင်းဘဏ်များက ကုမ္ပဏီများကို ချေးငွေပေးရန်နှင့် မြန်မာအလုပ်သမားများ၏ လုပ်ခလစာ တရားဝင်လွှဲပို့ရေး ဆွေးနွေး