// | DailyBriefNews Britto's ၏ Brand Ambassador အဖြစ် အဆိုတော် ရဲရင့်အောင်နှင့် အမရာဘုန်းတို့ ခန့်အပ် -

Britto’s ၏ Brand Ambassador အဖြစ် အဆိုတော် ရဲရင့်အောင်နှင့် အမရာဘုန်းတို့ ခန့်အပ်

အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၆

Britto’s ၏ MALT Whisky မီဒီယာမိတ်ဆက်ပွဲနှင့် Brand Ambassador ခန့်အပ်ပွဲကို အောက်တိုဘာ ၂၈ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ တော်ဝင်လမ်းရှိ The Governor’s Residence ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုတော် ရဲရင့်အောင်နှင့် အမရာဘုန်းတို့ကို Brand Ambassador အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ အနုပညာရှင်များဖြစ်ကြသော ရဲရင့်အောင်၊ ဘန်နီဖြိုး၊ အမရာဘုန်း၊ မြတ်စသည့် အနုပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ ပွဲတွင် အဆိုတော် ရဲရင့်အောင်နှင့် အမရာဘုန်းတို့က Brand Ambassador အဖြစ် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး၊ တက်ရောက်လာကြသူများက ပြည်တွင်းထုတ် Britto’s ၏ ကိုယ်ပိုင် Brand အရသာကို မြည်းစမ်းခဲ့ကြကာ တေးသံရှင် မြတ်က တေးသီချင်းများဖြင့် ဖျော်ဖြေဧည့်ခံခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပါကစ္စတန်နိုင်ငံတွင် လူနာတင်ယာဉ်အတွင်း အောက်ဆီဂျင်အိုး ပေါက်ကွဲမှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အနည်းဆုံး လူ ၁၀ ဦး သေဆုံး