// | DailyBriefNews ပါကစ္စတန်နိုင်ငံတွင် လူနာတင်ယာဉ်အတွင်း အောက်ဆီဂျင်အိုး ပေါက်ကွဲမှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အနည်းဆုံး လူ ၁၀ ဦး သေဆုံး -

ပါကစ္စတန်နိုင်ငံတွင် လူနာတင်ယာဉ်အတွင်း အောက်ဆီဂျင်အိုး ပေါက်ကွဲမှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အနည်းဆုံး လူ ၁၀ ဦး သေဆုံး

အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၆

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ် (Sindh) ပြည်နယ်၊ သာပါကာ (Tharparkar) ခရိုင်ရှိ အခြေခံကျန်းမာရေးဌာနခွဲ (BHU Plus) ဆေးရုံရှေ့ ရပ်နားထားသော လူနာတင်ယာဉ်တစ်စီးအတွင်း အောက်ဆီဂျင်အိုး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ဆေးရုံအရာရှိများက ကြာသပတေးနေ့ (အောက်တိုဘာ ၂၉ ရက်) တွင် ပြောကြားခဲ့ပါတယ်။

အဆိုပါပေါက်ကွဲမှုသည် လူနာများကို အခြားဆေးရုံသို့ လွှဲပြောင်းပို့ဆောင်နေစဉ် အောက်တိုဘာ ၂၈ ရက် ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ သေဆုံးသူများတွင် ယာဉ်မောင်း၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် လူနာစောင့်များ ပါဝင်ကာ အခြားသူများလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ ပါကစ္စတန်သမ္မတ အာဆစ်ဖ် အလီ ဇာဒါရီက သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး ဖြစ်စဉ်၏ အကြောင်းရင်းကို အမြန်ဆုံးနှင့် ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနိုင်ငံဘက်ခြမ်း တိုက်ပွဲကြောင့် ထိုင်းနေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးပြီးနောက် ထိုင်းစစ်တပ်က သတိပေးကျည် နှစ်ချက် ပစ်ခတ်
Next post Britto’s ၏ Brand Ambassador အဖြစ် အဆိုတော် ရဲရင့်အောင်နှင့် အမရာဘုန်းတို့ ခန့်အပ်