// | DailyBriefNews မြန်မာနိုင်ငံဘက်ခြမ်း တိုက်ပွဲကြောင့် ထိုင်းနေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးပြီးနောက် ထိုင်းစစ်တပ်က သတိပေးကျည် နှစ်ချက် ပစ်ခတ် -

မြန်မာနိုင်ငံဘက်ခြမ်း တိုက်ပွဲကြောင့် ထိုင်းနေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးပြီးနောက် ထိုင်းစစ်တပ်က သတိပေးကျည် နှစ်ချက် ပစ်ခတ်

အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၆

မြန်မာနိုင်ငံ မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီး ဖြစ်ပွားနေသည့် တိုက်ပွဲများမှ လက်နက်ကြီးကျည်နှင့် ကျည်ဆန်များ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် နေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးကာ ထိုင်းနိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ထိုင်းစစ်တပ်က နယ်စပ်တစ်လျှောက် သတိပေးကျည် ၂ ချက် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက မဟာဝမ်ခရိုင်ခွဲအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များ မီးလောင်ပျက်စီးခဲ့ရပါတယ်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံဘက်မှ ရတ်ချမနူ (Ratchamanu) တပ်ဖွဲ့က စစ်ရေးစည်းမျဉ်းနှင့်အညီ မီးခိုးကျည်နှင့် အလင်းပြကျည် အပါအဝင် သတိပေးကျည် ၂ ချက်ကို ပစ်ခတ်ကာ နယ်စပ်ဖြတ်ကျော်လာသည့် ကျည်ဆံများ ထပ်မံမရောက်ရှိစေရန်နှင့် ပိုမိုဂရုစိုက်ကြရန် သတိပေးခဲ့သည်။ လက်ရှိတွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့များက နယ်စပ်တစ်လျှောက် တပ်စွဲထားဆဲဖြစ်ပြီး ဒေသခံများအား ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အင်တာနက်မှတစ်ဆင့် အနံ့များကိုရှူရှိုက်ပြီးပေးပို့နိုင်သည့် digital nose သိပ္ပံပညာရှင်များတီထွင်
Next post ပါကစ္စတန်နိုင်ငံတွင် လူနာတင်ယာဉ်အတွင်း အောက်ဆီဂျင်အိုး ပေါက်ကွဲမှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အနည်းဆုံး လူ ၁၀ ဦး သေဆုံး