// | DailyBriefNews ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရေး ပုံစံ (၁၅) များကို သက်ဆိုင်ရာသံရုံးများတွင် ယနေ့ စတင်ထုတ်ယူနိုင် -

ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရေး ပုံစံ (၁၅) များကို သက်ဆိုင်ရာသံရုံးများတွင် ယနေ့ စတင်ထုတ်ယူနိုင်

နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၂၆

၂၀၂၇ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများနှင့်အညီ ပုံစံ (၁၅) များကို သက်ဆိုင်ရာသံရုံးများတွင် နိုဝင်ဘာ ၁၁ ရက် (ယနေ့) မှစတင်၍ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပြည်ပရောက်မဲဆန္ဒရှင်များသည် ပုံစံ (၁၅) များကို သက်ဆိုင်ရာသံရုံးများတွင် ကိုယ်တိုင်သွားရောက်ထုတ်ယူနိုင်သည့်အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာသံရုံးများ၏ Website များမှလည်း Download ရယူနိုင်မည်ဖြစ်သည်။ အချက်အလက်များ ပြည့်စုံစွာဖြည့်သွင်းပြီးသော ပုံစံ (၁၅) များကို သက်ဆိုင်ရာသံရုံးများသို့ နိုဝင်ဘာ ၁၂ ရက်မှ ဒီဇင်ဘာ ၂ ရက်အတွင်း ပြန်လည်ပေးပို့ကြရန် ရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လစာနှင့် ဝန်ထမ်းခန့်ထားရေး အငြင်းပွားမှုများကြောင့် Seoul Metro အလုပ်သမားသမဂ္ဂက နိုဝင်ဘာ ၂၅ ရက်တွင် သပိတ်မှောက်မည်ဟု ခြိမ်းခြောက်
Next post ကမ္ဘောဒီးယားတွင် ကျောင်းကားတစ်စီး ရေကန်အတွင်း ထိုးကျသွားရာက BELTEI နိုင်ငံတကာကျောင်းမှ ကျောင်းသူ ၅ ဦး သေဆုံး