// | DailyBriefNews နိုင်ငံတော်သမ္မတနှင့်ဇနီး မြန်မာ့ရိုးရာပွဲဈေးနှင့် မြန်မာ့ပရိဘောဂပြပွဲများသို့ သွားရောက်ကြည့်ရှုအားပေး -

နိုင်ငံတော်သမ္မတနှင့်ဇနီး မြန်မာ့ရိုးရာပွဲဈေးနှင့် မြန်မာ့ပရိဘောဂပြပွဲများသို့ သွားရောက်ကြည့်ရှုအားပေး

နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ရန်ကုန်မြို့၌ ကျင်းပလျက်ရှိသည့် မြန်မာ့ရိုးရာပွဲဈေးနှင့် မြန်မာ့ပရိဘောဂပြပွဲ (၂၀၂၆) တို့သို့ သွားရောက်ကြည့်ရှုလေ့လာ၍ လုပ်ငန်းရှင်များပြသထားသော ပစ္စည်းများကို စိတ်ဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရပါတယ်။

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာဓလေ့ထုံးတမ်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်၍ မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC) တွင် နိုဝင်ဘာ ၅ ရက်မှ ၈ ရက်အထိ ကျင်းပသည့် မြန်မာ့ရိုးရာပွဲဈေးနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကန်သာယာ Shopping Centre တွင် နိုဝင်ဘာ ၄ ရက်မှ ၈ ရက်အထိ ကျင်းပပြုလုပ်နေသည့် မြန်မာနိုင်ငံသစ်အခြေခံပရိဘောဂလုပ်ငန်းရှင်များအသင်း၏ မြန်မာ့ပရိဘောဂပြပွဲ (၂၀၂၆) တို့သို့ သွားရောက်ကာ ဒေသန္တရထုတ်ကုန်များနှင့် ရိုးရာလက်ရာပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြခြင်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) နှင့် ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်သမ္မတ လှည့်လည်ကြည့်ရှုစစ်ဆေး
Next post တနင်္သာရီတိုင်းဒေသကြီး ရေထွက်ကုန်မွေးမြူရေးကဏ္ဍမှ ပြည်ပတင်ပိုမှု အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၁၉၃ သန်းရရှိ