// | DailyBriefNews လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ဆယ်စုနှစ်သစ် ဖော်ဆောင်ရန် တရုတ်တိုက်တွန်း -

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ဆယ်စုနှစ်သစ် ဖော်ဆောင်ရန် တရုတ်တိုက်တွန်း

အောက်တိုဘာလ ၅ ရက်၊ ၂၀၂၆

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ၁၀ နှစ်တာ ရလဒ်များကို အခြေခံ၍ “ရွှေရောင်ဆယ်စုနှစ်သစ်” ဖော်ဆောင်ကြရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နိုဝင်ဘာ ၄ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ပေကျင်းမြို့၌ ကျင်းပသည့် အဆိုပါ (၁၁) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွမ်ကက်ကယိုနှင့်အတူ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးသို့ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြပြီး ဒေသတွင်း ချိတ်ဆက်ဆောင်ရွက်ရေး၊ ရေအရင်းအမြစ်၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် လုံခြုံရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်အစိုးရနှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို ပန်ဆန်းမြို၌ ငြိမ်းချမ်းရေးဆွေးနွေး
Next post စပိန်ဒုတိယတန်းဘောလုံးသမား Jesús de Miguel ပွဲချိန်အတွင်း လူချင်းတိုက်မိမှုကြောင့် ကွယ်လွန်