// | DailyBriefNews (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အောင်မြင်မှုရရှိရေး ပေါင်းစပ်ညှိနှိင်း -

(၃၄) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အောင်မြင်မှုရရှိရေး ပေါင်းစပ်ညှိနှိင်း

နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၆

၂၀၂၇ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှ ၂၉ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပမည့် (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ အောင်မြင်မှုရရှိစေရေးအတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ ပေါင်းစပ်ညှိနှိင်းအစည်းအဝေးကို နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက အားကစားသည် နိုင်ငံ့ဂုဏ်သိက္ခာ၊ စည်းလုံးညီညွတ်မှုနှင့် ကြံ့ခိုင်မှုကို ဖော်ပြနိုင်သည့် အရေးပါသောကဏ္ဍဖြစ်သဖြင့် ဝန်ကြီးဌာနနှင့် အားကစားအဖွဲ့ချုပ်များ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ထို့နောက် အားကစားအဖွဲချုပ်များက စခန်းဝင်လေ့ကျင့်မှု၊ ပြိုင်ပွဲဝင်မည့် အားကစားနည်းနှင့် အားကစား သမားအင်အား၊ ဆုတံဆိပ်ရရှိနိုင်မှု၊ နည်းပြငှားရမ်းရေး၊ ပြည်ပပူးတွဲလေ့ကျင့်ရေးနှင့် အားကစား ပစ္စည်းလိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ် နယ်စပ်ဒေသများတွင် ထိုင်းနိုင်ငံသားများကို ပစ်မှတ်ထားကာ အစိုးရဝန်ထမ်းအဖြစ် အယောင်ဆောင် လိမ်လည်နေသည့် Online Scam Center များကို ဖော်ထုတ်နှိမ်နင်း
Next post ရေဘေးသင့်ပြည်သူ ၂၈၃ ဦးအား စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်ကူညီ