// | DailyBriefNews ပြင်သစ်နိုင်ငံ၊ မြို့တော်ပါရီရှိ De Beers လက်ဝတ်ရတနာဆိုင်ကို လက်နက်ကိုင်များ ဝင်ရောက်လုယက်ပြီး ဆိုင်ကယ်များဖြင့် ထွက်ပြေးသွား -

ပြင်သစ်နိုင်ငံ၊ မြို့တော်ပါရီရှိ De Beers လက်ဝတ်ရတနာဆိုင်ကို လက်နက်ကိုင်များ ဝင်ရောက်လုယက်ပြီး ဆိုင်ကယ်များဖြင့် ထွက်ပြေးသွား

နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၆

ပြင်သစ်နိုင်ငံ၊ မြို့တော်ပါရီ အလယ်ပိုင်း ဇိမ်ခံလက်ဝတ်ရတနာဆိုင်များ စုဝေးရာ Place Vendôme ရင်ပြင်အနီး၊ Rue de la Paix လမ်းမပေါ်ရှိ De Beers လက်ဝတ်ရတနာဆိုင်တွင် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက လက်နက်ကိုင် လူလေးဦး ဝင်ရောက်လုယက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်ကိုင်များသည် မိနစ်ပိုင်းအတွင်း ယူရိုငွေ သိန်းဂဏန်းတန်ဖိုးရှိ ဇိမ်ခံပစ္စည်းများကို လုယက်ယူဆောင်သွားခဲ့ကြပြီး ဆိုင်ကယ်များဖြင့် အလျင်အမြန် ထွက်ပြေးသွားခဲ့ကြခြင်း ဖြစ်သည်။ လုယက်မှုအတွင်း ပစ်ခတ်မှုမရှိခဲ့ဘဲ မည်သူမျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ကြောင်း၊ ပါရီရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူများကို ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံတွင် ကုန်တင်ကားတစ်စီး ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ယာဉ်အများအပြားကို တိုက်မိ၍ လူ ၁၄ ဦး သေဆုံးကာ ၃၀ ဦး ဒဏ်ရာရရှိ
Next post ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ဒုတိယနေ့ကျင်းပပြီး လုံ/နယ်ဝန်ကြီး အစားထိုးခန့်အပ်မှုနှင့် ကော်မတီအသစ်များ ဖွဲ့စည်း