// | DailyBriefNews တေးသံရှင် ပြည့်ဟိန်းသူ၏ "အဖေများသို့" Mini Album ကို နိုဝင်ဘာ ၁၃ ရက်တွင် ပရိသတ်ထံ အရောက်ပို့ဆောင်မည် -

တေးသံရှင် ပြည့်ဟိန်းသူ၏ “အဖေများသို့” Mini Album ကို နိုဝင်ဘာ ၁၃ ရက်တွင် ပရိသတ်ထံ အရောက်ပို့ဆောင်မည်

နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂ူ၆

ဂန္ထဝင်တေးသံရှင်ကြီး တွံတေးသိန်းတန်၏ မြေးဖြစ်သူ တေးသံရှင် ပြည့်ဟိန်းသူသည် ဖခင်ဖြစ်သူ ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖန်တီးထားသည့် “အဖေများသို့” ဟု အမည်ပေးထားသော ပထမဆုံး Mini Album ကို နိုဝင်ဘာ ၁၃ ရက် (ယနေ့) တွင် ပရိသတ်များထံသို့ အရောက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Mini Album တွင် အဘိုးဖြစ်သူ တွံတေးသိန်းတန် ကိုယ်တိုင်ရေးစပ်ခဲ့သည့် “မေတ္တာမီးအိမ်” တေးသီချင်းအပါအဝင် Story ၃ မျိုးနှင့် Mood ၃ မျိုး ပါဝင်မည့် တေးသီချင်း ၃ ပုဒ်ကို ထည့်သွင်းဖန်တီးထားကြောင်း သိရှိရသည်။ မိမိအတွက် အလွန်တာဝန်ကြီးမားပြီး အဓိပ္ပာယ်ရှိလှသည့် အဆိုပါဖန်တီးမှုကို ဖခင်ဖြစ်သူ၏ နှစ်ပတ်လည်နှင့် ဂါဝရပြုသည့်အနေဖြင့် အကောင်းဆုံး ကြိုးစားဖန်တီးထားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ဘရွတ်ကလင်းတွင် တိုက်ခန်းအဆောက်အအုံ ပြိုကျမှုကြောင့် လူ နှစ်ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ
Next post အာဆီယံတွင် မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍ ပြန်လည်ရရှိရေး မြန်မာ-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး