ကမ္ဘောဒီးယားတွင် ကျောင်းကားတစ်စီး ရေကန်အတွင်း ထိုးကျသွားရာက BELTEI နိုင်ငံတကာကျောင်းမှ ကျောင်းသူ ၅ ဦး သေဆုံး

နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၂၆
ကမ္ဘောဒီးယားနိုင်ငံ၊ ကန်ဒါလ်ပြည်နယ်၊ ကဆာ့ချ်ကန်ဒါလ်မြို့နယ်၊ ပရက်တာမက်ကျေးရွာအုပ်စု၌ BELTEI နိုင်ငံတကာကျောင်းမှ ကျောင်းသူများ စီးနင်းလာသော ကျောင်းကားတစ်စီး နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက လမ်းချော်ကာ ရေကန်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မော်တော်ဆိုင်ကယ်တစ်စီးအား ရှောင်ကွင်းမောင်းနှင်ရင်း ယခုကဲ့သို့ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း BELTEI Group ၏ အထွေထွေညွှန်ကြားရေးမှူးက ပြောကြားခဲ့ပြီး၊ ရေမြုပ်နေသော ယာဉ်အတွင်းမှ ကျောင်းသားကျောင်းသူ ၂၁ ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း အသက် ၁၂ နှစ်မှ ၁၄ နှစ်ကြားရှိ ကျောင်းသူ ၅ ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။ ကမ္ဘောဒီးယားပညာရေးဝန်ကြီးက ဆေးရုံသို့ သွားရောက်ကာ အသက်ရှင်ကျန်ရစ်သူများနှင့် မိဘအုပ်ထိန်းသူများကို သွားရောက်တွေ့ဆုံ အားပေးခဲ့ပြီး၊ ဒေသန္တရအာဏာပိုင်များကလည်း အဆိုပါမတော်တဆမှုကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
More Stories
ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ် နယ်စပ်ဒေသများတွင် ထိုင်းနိုင်ငံသားများကို ပစ်မှတ်ထားကာ အစိုးရဝန်ထမ်းအဖြစ် အယောင်ဆောင် လိမ်လည်နေသည့် Online Scam Center များကို ဖော်ထုတ်နှိမ်နင်း
နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၆ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ထိရောက်ပြတ်သားစွာ ဖော်ထုတ်ဖမ်းဆီးအရေးယူလျက်ရှိရာ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ် နယ်စပ်ဒေသများအတွင်း တရားမဝင် ဝင်ရောက်ကာ ထိုင်းနိုင်ငံသားများအား ပစ်မှတ်ထား လိမ်လည်နေသည့် Online Scam...
မြန်မာ့အရေးနှင့်ပတ်သက်၍ ထိတွေ့ဆက်ဆံမှုမှတစ်ပါး အခြားရွေးချယ်စရာမရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် အလေးပေးပြောကြား
နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၆ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို ဖြေရှင်းရန်အတွက် မြန်မာအစိုးရနှင့် တက်ကြွစွာ ဆက်လက်ဆွေးနွေးမှုများပြုလုပ်ရန် လိုအပ်ကြောင်းနှင့် အာဆီယံ၏ ထိတွေ့ဆက်ဆံရေး ကြိုးပမ်းမှုများကို အပြည့်အဝထောက်ခံကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန (အရှေ့ပိုင်းရေးရာ)...
ပြင်သစ်နိုင်ငံ၊ မြို့တော်ပါရီရှိ De Beers လက်ဝတ်ရတနာဆိုင်ကို လက်နက်ကိုင်များ ဝင်ရောက်လုယက်ပြီး ဆိုင်ကယ်များဖြင့် ထွက်ပြေးသွား
နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၆ ပြင်သစ်နိုင်ငံ၊ မြို့တော်ပါရီ အလယ်ပိုင်း ဇိမ်ခံလက်ဝတ်ရတနာဆိုင်များ စုဝေးရာ Place Vendôme ရင်ပြင်အနီး၊ Rue de la Paix လမ်းမပေါ်ရှိ De Beers လက်ဝတ်ရတနာဆိုင်တွင်...
အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံတွင် ကုန်တင်ကားတစ်စီး ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ယာဉ်အများအပြားကို တိုက်မိ၍ လူ ၁၄ ဦး သေဆုံးကာ ၃၀ ဦး ဒဏ်ရာရရှိ
နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၆ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) တွင် နိုဝင်ဘာလ ၁၂ ရက် ညသန်းခေါင်အချိန်မတိုင်မီက ကုန်တင်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ယာဉ်အများအပြားကို ဆင့်ကဲတိုက်မိခဲ့ရာမှ ပြင်းထန်သော မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ...
အမေရိကန်တွင် ၂၄ နာရီကြာ အရှင်လတ်လတ် မြေမြှုပ်ခံရပြီးနောက် ကယ်တင်နိုင်ခဲ့သည့် လသားကလေးငယ်၏ ဖခင်ဖြစ်သူအား လူသတ်ရန် ကြိုးပမ်းမှုဖြင့် တရားစွဲဆို
နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စု၊ တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ လက်ဆင်တန်ခရိုင်တွင် အသက် ၁၁ လအရွယ် ယောက်ျားလေးငယ်တစ်ဦးအား ခွေးလှောင်အိမ်အတွင်း ထည့်သွင်းကာ အရှင်လတ်လတ် မြေမြှုပ်ခဲ့သူ ဖခင်ဖြစ်သူ မိုက်ကယ် ကိုမာ (Michael Comer)...
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ဘရွတ်ကလင်းတွင် တိုက်ခန်းအဆောက်အအုံ ပြိုကျမှုကြောင့် လူ နှစ်ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ
နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ဘရွတ်ကလင်းမြို့နယ်၊ ဖလတ်ဘုရှ် (Flatbush) ရပ်ကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ဘေးတွင် တည်ရှိသည့် သုံးထပ်တိုက်ခန်းအဆောက်အအုံတစ်ခု နိုဝင်ဘာ ၁၁ ရက်က ပြိုကျခဲ့ရာ အနည်းဆုံး လူ နှစ်ဦး...
