ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရေး ပုံစံ (၁၅) များကို သက်ဆိုင်ရာသံရုံးများတွင် ယနေ့ စတင်ထုတ်ယူနိုင်

နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၂၆
၂၀၂၇ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများနှင့်အညီ ပုံစံ (၁၅) များကို သက်ဆိုင်ရာသံရုံးများတွင် နိုဝင်ဘာ ၁၁ ရက် (ယနေ့) မှစတင်၍ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ပြည်ပရောက်မဲဆန္ဒရှင်များသည် ပုံစံ (၁၅) များကို သက်ဆိုင်ရာသံရုံးများတွင် ကိုယ်တိုင်သွားရောက်ထုတ်ယူနိုင်သည့်အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာသံရုံးများ၏ Website များမှလည်း Download ရယူနိုင်မည်ဖြစ်သည်။ အချက်အလက်များ ပြည့်စုံစွာဖြည့်သွင်းပြီးသော ပုံစံ (၁၅) များကို သက်ဆိုင်ရာသံရုံးများသို့ နိုဝင်ဘာ ၁၂ ရက်မှ ဒီဇင်ဘာ ၂ ရက်အတွင်း ပြန်လည်ပေးပို့ကြရန် ရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားကြောင်း သိရှိရသည်။
More Stories
ရေဘေးသင့်ပြည်သူ ၂၈၃ ဦးအား စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်ကူညီ
နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၆ ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန့်ပန်၊ ဝန်း၊ မြို့လယ်နှင့် မင်္ဂလာရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ရေဘေးသင့်အိမ်ထောင်စု ၈၄ စုမှ ဒေသခံပြည်သူ ၂၈၃ ဦးအား...
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ဒုတိယနေ့ကျင်းပပြီး လုံ/နယ်ဝန်ကြီး အစားထိုးခန့်အပ်မှုနှင့် ကော်မတီအသစ်များ ဖွဲ့စည်း
နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၆ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) ဒုတိယနေ့ကို နိုဝင်ဘာ ၁၃ ရက်က ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ကျော်ကျော်ဦးအား အစားထိုးခန့်အပ်ကြောင်း တင်ပြ၍...
ပြည်မြို့တွင် မော်တော်ယာဉ်/ဆိုင်ကယ် နံပါတ်ပြားအတုများနှင့် ယာဉ်သက်သေခံလက်မှတ်အတုများ ပြုလုပ်လိမ်လည်ရောင်းချသူများကို ဖမ်းဆီးရမိ
နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၆ ပြည်မြို့၊ ပြည်သာယာရပ်ကွက်ရှိ နေအိမ်တစ်အိမ်၌ မော်တော်ယာဉ်နှင့် ဆိုင်ကယ် နံပါတ်ပြားအတုများ၊ ယာဉ်သက်သေခံလက်မှတ်အတုများကို ပြုလုပ်လိမ်လည်ရောင်းချနေသူများအား နိုဝင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။...
အမျိုးသမီးများ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေး NSPAW လုပ်ငန်းနယ်ပယ် ၁၂ ရပ် ထိရောက်စွာ အကောင်အထည်ဖော်ရန် ဒုတိယသမ္မတ တိုက်တွန်း
နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၆ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေး၊ အခွင့်အလမ်းနှင့် လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေးအတွက် ရေးဆွဲထားသည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာ စီမံကိန်း (NSPAW) (၂၀၂၃-၂၀၃၂) ကို ထိရောက်စွာ အကောင်အထည်ဖော်ရန်...
ရန်ကုန် – မန္တလေး အမြန်လမ်း ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေစေရန် ဆွာချောင်းတံတားအသစ်တစ်စင်း ထပ်မံတည်ဆောက်နေ
နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၆ ရန်ကုန် – မန္တလေး အမြန်လမ်း ခရီးသွားပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန်အတွက် အသွားလမ်းဘက်ခြမ်း၌ ဆွာချောင်းတံတားအသစ်တစ်စင်းကို ထပ်မံတည်ဆောက်လျက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ယမန်နေ့က အဆိုပါတံတား တည်ဆောက်နေမှုအခြေအနေများနှင့်...
ထိုင်းရောက် မြန်မာလုပ်သားများ၏ လစာ ၂၅ ရာခိုင်နှုန်း ပြန်လွှဲရေးကိစ္စကို ထိုင်းနိုင်ငံက နေပြည်တော်၌ ဆွေးနွေး
နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၆ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ ပြန်လည်လွှဲပို့ရမည့် သတ်မှတ်ချက်နှင့် ပတ်သက်၍ အလုပ်သမားများ နစ်နာမှုမရှိစေရန်၊ တရားဝင်ငွေလဲနှုန်းကြောင့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်နှင့် အကြောင်းရင်းများကို အလုပ်သမားများ...
