// | DailyBriefNews အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ တက်ရောက်၍ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး -

အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ တက်ရောက်၍ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး

နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၂၆

အခြေခံပညာကျောင်းသား၊ ကျောင်းသူ ၁,၅၀၀ ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံတော်အဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၀ ရက် ယနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-1) ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သမ္မတ တက်ရောက်၍ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကာ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဒုတိယသမ္မတ ဦးညိုစော၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် Humanoid Robot ၏ ကြိုဆိုလမ်းညွှန်မှုဖြင့် ပြိုင်ပွဲနေရာသို့ သွားရောက်ကာ အာကာသနည်းပညာဆိုင်ရာ ပြခန်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အေပက်ထိပ်သီးအစည်းအဝေးတွင် ရှီ၊ ပူတင်တို့နှင့် ဆွေးနွေးမယ်လို့ ထရမ့်ပ် ပြော
Next post ဂျာမနီသံရုံး ယာယီတာဝန်ခံအား နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူသတိပေး