// | DailyBriefNews ဆီနီဂေါကမ်းလွန်တွင် ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့် လှေတစ်စင်း နစ်မြုပ်မှုကြောင့် သေဆုံးသူ ၃၄ ဦးအထိ ရှိလာ -

ဆီနီဂေါကမ်းလွန်တွင် ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့် လှေတစ်စင်း နစ်မြုပ်မှုကြောင့် သေဆုံးသူ ၃၄ ဦးအထိ ရှိလာ

နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၂၆

ဆီနီဂေါနိုင်ငံအနောက်မြောက်ပိုင်း၊ ကီဘီမာမြို့ ကမ်းရိုးတန်းအနီးတွင် ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့် လှေငယ်တစ်စင်း နိုဝင်ဘာ ၇ ရက်က နစ်မြုပ်သွားခဲ့ရာမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး သေဆုံးသူ အနည်းဆုံး လူ ၃၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ဆီနီဂေါသတင်းဌာနက ဖော်ပြခဲ့သည်။

စပိန်နိုင်ငံပိုင် ကနေရီကျွန်းစုသို့ ဦးတည်လာကြသည့် အဆိုပါ ရွှေ့ပြောင်းနေထိုင်သူများ၏ ခရီးစဉ်အတွင်း လှေနစ်မြုပ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ မကြာသေးမီနှစ်များအတွင်း အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်သန်းရာတွင် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရကြောင်း သိရသည်။

ဆီနီဂေါအစိုးရအနေဖြင့် လူမှောင်ခိုကူးသည့် ကွန်ရက်များကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း၍ တိုက်ဖျက်သွားမည်ဖြစ်ကြောင်း အလေးပေးပြောကြားထားပြီး၊ စပိန်နိုင်ငံဘက်ရှိ ကနေရီကျွန်းစုတွင်လည်း ရွှေ့ပြောင်းနေထိုင်သူများ ဆက်လက်ရောက်ရှိလာမှု မြင့်တက်လာခြင်းကြောင့် အရေးပေါ်အခြေအနေများ ကြေညာထားရကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး
Next post အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမှသာ မြန်မာဒုက္ခသည်များကို လက်ခံမည်ဟု ထိုင်းဝန်ကြီးချုပ် ပြောကြား