အမေရိကန်သမ္မတကို သတ်ဖြတ်ရန် ခေါင်းထဲမှအသံများက ခိုင်းစေခဲ့သည်ဆိုသော ဗင်နီဇွဲလားအမျိုးသားအား အိမ်ဖြူတော်အနီးတွင် လက်နက်များနှင့်အတူ ဖမ်းဆီးရမိ

နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်အနီး ကွန်စတီကျူးရှင်း ရိပ်သာတွင် ရပ်ထားသည့် ခိုးယူထားသော ယာဉ်တစ်စီးအတွင်းမှ သေနတ်သုံးလက်နှင့် ကျည်ဆံများကို သံသယဖြစ်ဖွယ် တွေ့ရှိခဲ့ရပြီးနောက် အသက် ၂၆ နှစ်အရွယ် ဗင်နီဇွဲလားနိုင်ငံသား ရွန်နီ ယော့ဒရစ်ချ် ဂွာနီပါ ချရီနို့စ် (Ronny Yordrix Guanipa Chrinos) ကို လျှို့ဝှက်ထောက်လှမ်းရေးအေးဂျင့်များ (Secret Service) က ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
ယာဉ်အား စစ်ဆေးရှာဖွေရာမှ MAC-10 စက်ပစ္စတိုတစ်လက်၊ Glock 43x ပစ္စတိုတစ်လက်နှင့် AR-15 ရိုင်ဖယ်တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့ပြီး၊ ဖမ်းဆီးခံရသူက ဝါရှင်တန်ဒီစီသို့ လာရောက်ကာ သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ကို သတ်ရန် ခေါင်းထဲမှ အသံများက ခိုင်းစေခဲ့ကြောင်း ရဲအရာရှိများအား ထွက်ဆိုခဲ့သည်ဟု အမိမြေလုံခြုံရေးဌာန (DHS) က ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ တရားခံကို ခွင့်ပြုချက်မရှိဘဲ ယာဉ်အသုံးပြုမှု၊ လက်နက်ကိုင်ဆောင်မှုဆိုင်ရာ ပြစ်မှုများဖြင့် တရားစွဲဆိုထားပြီး အာမခံမရဘဲ ဆက်လက်ထိန်းသိမ်းထားကာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ရဲတပ်ဖွဲ့ (ICE) ကလည်း ဖမ်းဝရမ်း ထုတ်ပြန်ထားကြောင်း သိရှိရပါတယ်။
