တနင်္သာရီတိုင်းဒေသကြီး ရေထွက်ကုန်မွေးမြူရေးကဏ္ဍမှ ပြည်ပတင်ပိုမှု အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၁၉၃ သန်းရရှိ

နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၆
တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ရေထွက်ကုန်မွေးမြူရေးကဏ္ဍမှ ငါး၊ ပုစွန်၊ ကဏန်းပျော့၊ ဂျင်းခရုနှင့် ရေမှော် စုစုပေါင်း ကုန်တန်ချိန် ၁၂,၂၆၇ ဒသမ ၃၆၈ တန် တင်ပိုနိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၁၉၃ သန်း ရရှိခဲ့ကြောင်း တိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲချုပ်မှ သိရသည်။
အဆိုပါတင်ပိုမှုတွင် ပုစွန်မွေးမြူရေးမှ ဒေါ်လာ ၄၈ ဒသမ ၀၀၃ သန်းဖြင့် အများဆုံးရရှိခဲ့ပြီး ငါးမွေးမြူရေးမှ ဒေါ်လာ ၂ ဒသမ ၀၃၂ သန်း၊ ကဏန်းပျော့မွေးမြူရေးမှ ဒေါ်လာ ၁ ဒသမ ၆၈၉ သန်း၊ ဂျင်းခရုမွေးမြူရေးမှ ဒေါ်လာ ၀ ဒသမ ၄၂၄ သန်းနှင့် ရေမှော်မွေးမြူရေးမှ ဒေါ်လာ ၀ ဒသမ ၀၄၅ သန်း ရရှိခဲ့သည်။
ထိုဒေသတွင် ရေလုပ်ငန်းလုပ်ကိုင်သူ ၈၉ ရာခိုင်နှုန်းကျော်ရှိပြီး ကုန်ကြမ်းအစား ကုန်ချောထုတ် လုပ်တင်ပိုခြင်းနှင့် ငါး၊ ပုစွန်အရှင်များကို လေကြောင်းမှတစ်ဆင့် ပြည်ပသို တိုက်ရိုက်တင်ပိုနိုင်ပါက နိုင်ငံခြားဝင်ငွေ ပိုမိုရရှိနိုင်ပြီး၊မြိတ်လေဆိပ်တိုးချဲ့တည်ဆောက်မှုကလည်း ရေထွက်ကုန်တင်ပို ရေးနှင့် ဒေသခံ ရေလုပ်သားများ၏ ဝင်ငွေတိုးတက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်သည်။
