ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) နှင့် ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်သမ္မတ လှည့်လည်ကြည့်ရှုစစ်ဆေး

နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) နှင့် လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်တို့အတွင်း ဆောင်ရွက်ထားရှိသည့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၏ အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန လက်အောက်ရှိ ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသန္တရ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကိုပါ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။


