// | DailyBriefNews နိုင်ငံတော်အစိုးရနှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို ပန်ဆန်းမြို၌ ငြိမ်းချမ်းရေးဆွေးနွေး -

နိုင်ငံတော်အစိုးရနှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို ပန်ဆန်းမြို၌ ငြိမ်းချမ်းရေးဆွေးနွေး

အောက်တိုဘာလ ၅ ရက်၊ ၂၀၂၆

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာ ၃ ရက်တွင် ရှမ်းပြည်နယ် ပန်ဆန်းမြို၌ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ပါတယ်။
 
တွေ့ဆုံပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က “ဝ” ဒေသဖွံဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ပေးမည့် အခြေအနေများ၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးနှင့် နှစ်ပေါင်း ၃၀ ကျော် တည်ဆောက်ထားသည့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာစေရေးတို့ကို ပြောကြားခဲ့ပါတယ်။
 
ဦးကျောက်ကော်အန်းကလည်း ၂၀၀၈ ခုနှစ် ဖွဲစည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပြီး ပြည်ထောင်စုမှ ခွဲမထွက်ဘဲ ဆွေးနွေးညှိနှိုင်းမှုမူဘောင်အတွင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ထားသည့် ထိုင်းဘဏ်များက ကုမ္ပဏီများကို ချေးငွေပေးရန်နှင့် မြန်မာအလုပ်သမားများ၏ လုပ်ခလစာ တရားဝင်လွှဲပို့ရေး ဆွေးနွေး
Next post လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ဆယ်စုနှစ်သစ် ဖော်ဆောင်ရန် တရုတ်တိုက်တွန်း