// | DailyBriefNews အယ်လ်နီညိုအမြင့်ဆုံးအခြေအနေကြောင့် လာမည့်ဆောင်းရာသီနှင့် နွေရာသီတွင် အပူချိန်မြင့်တက်ပြီး ရေရှားပါးမှု ဖြစ်ပေါ်နိုင် -

အယ်လ်နီညိုအမြင့်ဆုံးအခြေအနေကြောင့် လာမည့်ဆောင်းရာသီနှင့် နွေရာသီတွင် အပူချိန်မြင့်တက်ပြီး ရေရှားပါးမှု ဖြစ်ပေါ်နိုင်

နိုဝင်ဘာလ ၂ ရက်၊ ၂၀၂၆

၂၀၂၆ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် အားအလွန်ကောင်းသော အယ်လ်နီညိုဖြစ်စဉ် အမြင့်ဆုံးအခြေအနေသို ရောက်ရှိနိုင်သဖြင့် လာမည့်ဆောင်းရာသီနှင့် နွေရာသီကာလများတွင် အပူချိန်မြင့်မားခြင်းနှင့် ရေရှားပါးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

ခန့်မှန်းချက်များအရ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်သည် ပုံမှန်ထက် ၂ ဒသမ ၅ မှ ၂ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်နေပြီး အယ်လ်နီညိုဖြစ်စဉ်မှာ အားအလွန်ကောင်းမည်ဖြစ်သည်။
 
ယင်းဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုပုံစံ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် အပူချိန်မြင့်တက်ခြင်းတို ဖြစ်ပေါ်နိုင်ပြီး မြစ်ချောင်း၊ အင်းအိုင်နှင့် ရေလှောင်တမံများတွင် ရေဝင်ရောက်မှု လျော့နည်းနိုင်ကြောင်း သိရသည်။
 
ထိုပြင် သောက်သုံးရေနှင့် စိုက်ပျိုးရေ ပြတ်လပ်မှု၊ အပူရှပ်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းနှင့် ရေအားလျှပ်စစ်ထုတ်လုပ်မှု လျော့နည်းခြင်းတို ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားကြရန် အကြံပြုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် အီဂျစ်နိုင်ငံ၌ ကျင်းပသည့် နဝမအကြိမ် ကိုင်ရိုရေ ရက်သတ္တပတ်အခမ်းအနားသို့ တက်ရောက်
Next post အမေရိကန်၊ ဖလော်ရီဒါတွင် လူနေရပ်ကွက်အတွင်းသို့ ပုဂ္ဂလိကဂျက်လေယာဉ်တစ်စင်း တစ်မိနစ် ပေ ၃၀,၀၀၀ နှုန်းဖြင့် ဒုံးပျံတစ်စင်းလို ပျက်ကျပြီး ပေါက်ကွဲမီးလောင်၊ လိုက်ပါလာသူ ၉ ဦးစလုံး သေဆုံး